မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် စိုက်ပျိုးထားသော  ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာမှ တောင်သူ အများအနေဖြင့် ယာမြေအများစုပိုင်ဆိုင်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် ရာတွင် ပန်းလောင်၊ စမုံမြစ်ရေများ၊ မိုးရေနှင့်မြေအောက်(အဝီစိ)ရေများကိုအဓိကထားပြီး သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်းနှင့် တောင်သူဦးယဉ်မင်းထွန်းစိုက်ပျိုးထားသော ပဲမြစ် စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို လူရွေးချယ်ပွဲ ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် သွားရောက် ယှဥ်ပြိုင်နိုင်ရန်အတွက်   မြို့နယ်အဆင့် လူရွေးချယ်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်၉နာရီက ကျင်းပသည်။

ကျောက်ဆည်မြို့နယ်တွင် မိုးစပါးအပြင်သီးနှံစုံ(၂၃၇၆)ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ၌သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဩဂုတ်လကုန်အထိ တိုက်နယ်(၁၀)ခုတွင် မိုးစပါးအပြင်သီးနှံစုံ(၂၃၇၆)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

(၆၁) မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင် ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်းအပြင် စုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင်ကျရောက်မည့် (၆၁) မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး ခုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသည်။

ညောင်ဦးမြို့နယ်၌ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ ရောစပ်ကြဲပက်ကွင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၏ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာရောစပ်ကြဲပက်ကွင်းသရုပ်ပြပွဲအခမ်းအနား ညောင်ဦးမြို့နယ်၊ ကျောက်ကူးမြစ်ရေတင် မြေနဲလေးကွင်းတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၈ နာရီခွဲက ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှအငြိမ်းစားယူခဲ့သော ဝန်ထမ်းများဖြင့်ဖွဲ့စည်းခဲ့သည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများနာရေးကူညီမှုအသင်းလုပ်ငန်းညှိနှိုင်းအစည်းဝေးကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ပန်းချီလူရွေးချယ်ပြိုင်ပွဲကျင်းပ

ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် သွားရောက်ယှဥ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့် ပန်းချီလူရွေးချယ်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၁၉ ရက်နေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ သည်။

မြစ်သားမြို့နယ်အမှတ်(၇)အထည်စက်ရုံတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့်မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းကို စက်တင်ဘာ ၁၈ ရက်က အမှတ်(၇)အထည်စက်ရုံ၌ ပြုလုပ်သည်။

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထူးချွန်ဝန်ထမ်းသား၊ သမီးများနှင့်အ‌ဝေးသင်တက်ရောက်မည့်ဝန်ထမ်းများအား ချီးမြှင့်ငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းမိသားစုဝင်သားသမီးများ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် အဝေးသင်တက်ရောက်မည့် ဝန်ထမ်းများအား ပညာသင်ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၇ ရက်က အောင်မြေသာစံမြို့နယ် မန်း‌တောင်‌ခြေရှိ အဆိုပါရုံးတွင်ကျင်းပသည်။

မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၌ (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို ပဋ္ဌာန်းသိမ်းအောင်ပွဲကို စက်တင်ဘာ ၁၇ရက် နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၁၁×၁၂လမ်း‌ကြားရှိ  ဘုရားကြီး အာရုံခံတန်ဆောင်းတွင်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဘုရားအမှူးရှိသော ဆရာတော်သံဃာတော် (၄၉) ပါးတို့အား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့‌ကြကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး