မန္တလေးတိုင်းဒေသကြီး

အမရပူရမြို့နယ်၌ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်ဘိုးကျေရွာရှိ ကွင်းအမှတ် ၅၆၇ (က)၊ ဦးပိုင်အမှတ် ၃၄/၁၄၀၊ တောင်သူ ဒေါ်သီတာအေး၏ လယ်မြေ တစ်ဧက ပေါ်စိုက်ပျိုးထားသာ အောင်နိုင်တိုး စပါးစိုက်ကွင်းအတွင်း စက်တင်ဘာ ၁၃ ရက်နေ့နံနက် ၈ နာရီက အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာရောစပ်ကြဲပက်ပွဲကို ပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးမှု ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည်၊ ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက်၊ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့်အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ၊ စက်တင်ဘာဘာ (၁၃)ရက်၊ နံနက် (၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်တွင် သရုပ်ပြမဲမေးစက်ဖြင့်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် ဒုတိယအကြိမ်အာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယအကြိမ် ကျောင်းကျန်းမာရေးဦးစီးဌာန ရန်ပုံငွေဖြင့် အာဟာရကျွေး‌မွေးခဲ့သည်။

ငါန်းဇွန်မြို့နယ်တွင် ဆီထွက်သီးနှံ ပန်းတိုင်ရရှိရေး (မိုးနေကြာ) စံပြကွက် တောင်သူပညာပေး ကွင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးနေကြာပန်းတိုင်စံပြကွက် ကွင်းသရုပ်ပြပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲက အမှတ် (၄)ရပ်ကွက် ကွင်းအမှတ်(၉၁၃)ရှိ တောင်သူ ဦးကြီးညို၏ စိုက်ခင်း (၁.၅)ဧကတွင် ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်တော်သာရပ်ကွက်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသိပညာပေးခြင်းနှင့်  စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းများကို စက်တင်ဘာ(၁၂)ရက်နေ့ ညနေ ၃နာရီခွဲက ပြည်တော်သာရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

အောင်မြေသာစံမြို့နယ်၊ မင်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်နှင့် မင်းမြန်မာကိုယ်ပိုင်အထက် တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက မင်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပဆောင်ရွက်သည်။

မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်းရှင်လင်းပွဲ နှင့်လက်တွေ့သရုပ်ပြ၊ စမ်းသပ်မဲပေးပွဲပြုလုပ်

မန္တလေး၊အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၈၆လမ်း၊ ၁၆လမ်းထောင့်ရှိ သစ်လွင်ဓမ္မာရုံ၌ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်းရှင်လင်းပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အကြို ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊  ပြင်ဦးလွင်မြို့တွင်  ၂၀၂၅-ခုနှစ်၊  စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့"အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌  စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ဆေးရုံဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက်  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ်တွင် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် သွားရောက်ယှဥ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး