မန္တလေးတိုင်းဒေသကြီး

ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဧည့်မထဆန်များ တင်ပို့နေအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်စပါးအား အဓိကစိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်းကျေးရွာရှိ ဆန်စက်များမှ မြိတ်မြို့သို့ ဧည့်မထဆန်များ တင်ပို့လျက်ရှိသည့်လုပ်ငန်းများအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ

အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၂၇) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာ အ-ထ-က(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ

မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာ အ-ထ-က(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

မြစ်သားမြို့နယ်တွင် ဓာ‌တ်မြေဩဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီမှ ဓာ‌တ်မြေဩဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေးအပ်လျက်ရှိ သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းလက်တွေ့စမ်းသပ်

မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်နှင့်‌ ငွေတော်ကျီကုန်း ရပ်ကွက်၌ ယနေ့ နံနက်၉နာရီမှ ၁၂နာရီအထိ ဝေဇယန္တာဓမ္မာရုံနှင့် သဟပုညကာရီ ငွေတော်ဓမ္မာရုံတို့တွင် ရပ်ကွက်နေပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနားကို ဆက်လက်ဆောင်ရွက်သည်။

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာစီစာကုံးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အ.ထ.က(၂၇)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိင်ပွဲ  ကျင်းပခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရတနာစာသင်ဆောင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီက မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ(၂)နာရီက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမတွင် ကျင်းပကြောင်းသိရသည်။

ပြင်ဦးလွင်မြို့နယ် အ.ထ.က(ခွဲ)၊ အ.လ.က(‌၁)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော‌ပွဲကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အ.ထ.က(ခွဲ)၊ ‌‌ အ.လ.က(‌၁) တွင် ကျင်းပရာ ရှေးဦးစွာ အ.ထ.က(ခွဲ)၊အ.လ.က(၁)မှ အလယ်တန်းပြဆရာမကြီး ဒေါ်ရည်ရည်‌ရွှေက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက  ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး