မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကွင်းဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့တွင် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က တံတားဦးမြို့ ပြည်သူ့အားကစားပြိုင်ကွင်း၌ ကျင်းပကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ သံပုယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးဈေးနှုန်းမြှင့်တက်လာသဖြင့် စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သံပုယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခင်က နှစ်တင်းခွဲအိတ်တစ်လုံးအား ငွေ (၃၀၀၀၀) ကျပ်ဖြင့် ရောင်းချရပြီး ယခုအခါ ငွေ (၅၅၀၀၀) ကျပ်ဖြင့် အသီးဈေးနှုန်းမြှင့်တက်ရောင်းချရသဖြင့် သံပုယိုစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသူသည့် တောင်သူတစ်ဦးထံမှ သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တတိယအကြိမ် တိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ဒါနဟိတဓမ္မဗိမာန်တော်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော် မြစ်သားမြို့နယ်၌ မဲရုံများပြင်ဆင်ထားမှု ကိုကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်သည် ယနေ့ နံနက် ၁၁ နာရီအချိန်က မြစ်သားမြို့သို့ရောက်ရှိပြီး မဲရုံများပြင်ဆင်ထားမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။

ညောင်ဦးမြို့နယ်၌ ယာယီစစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်

နိုင်ငံတော်အစိုးရ၏အစီအစဉ်ဖြင့် လတ်တလောနယ်မြေအခြေအနေအရ နေရပ်စွန့်ခွာပြည်သူများ‌‌‌‌‌‌‌‌‌‌‌‌‌‌‌အား ထောက်ပံ့ပေးအပ်လျက်ရှိပြီး အချို့မှာ ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ရောက်ရှိနေထိုင်လျက်ရှိပြီး ၎င်းတို့အနက် ‌မြင်ကပါ‌ကျေးရွာတွင် ယာယီနေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်စု၊ မြင်းကပါကျေးရွာဓမ္မာရုံတွင် ထောက်ပံပေးအပ်ခဲ့ကြောင်း သိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပုဂံ-ညောင်ဦး လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များအား ကြည့်ရှုစစ်ဆေး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးလေဆိပ်သို့ရောက်ရှိခဲ့ကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများကကြိုဆိုပြီး ပုဂံ-ညောင်ဦးလေဆိပ်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား အဆင့်လိုက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာတက္ကသိုလ်ဝင်း မွန်ရေးသားသည့် " အမျိုးသားပညာဝန် ဦးဖိုးကျား၏ ဘဝနှင့်စာပေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သစ္စာအဓိဋ္ဌာန်သမိုင်းဝင် ရွှေစာရံစေတီတော်မြတ်ကြီး ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရေး ဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ သစ္စာအဓိဋ္ဌာန် သမိုင်းဝင်စေတီတော်မြတ်ကြီးသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးတော်မူခဲ့၍ ရှေးမူမပျက် ပြန်လည်တည်ဆောက်နိုင်ရေး ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါဘုရားဝန်း၌ကျင်းပရာ  မြို့နယ်တွင်းရှိ ပဓာနနာယက ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးဥတ္တမနှင့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော် ပျော်ဘွယ်မြို့နယ်၌ မဲပေးစက်များပြင်ဆင်ထားမှု မဲရုံများပြင်ဆင်ထားမှုတို့အား ကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် ယမန်နေ့ နေ့လယ် ၁၂ နာရီက ပျော်ဘွယ်မြို့သို့ရောက်ရှိပြီး မဲပေးစက်များထိန်းသိမ်းထားမှု၊ မဲရုံများပြင်ဆင်ထားမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။

မြစ်သားမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအတွင်းရှိ ပြည်သူများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှကျန်းမာ ရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်းကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ဒီဇင်ဘာ ၁၈ ရက်နံနက် ၉ နာရီက ကုသ‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး