မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ်အတွင်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရန် တိုက်ဆိုင်စိစစ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ‎မဟာအောင်မြေမြို့နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာတွင် မဲစာရင်းများမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စိစစ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

တံတားဦးမြို့နယ်၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး 

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာများ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည်။

ကျောက်ဆည်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက မြင်းခြံမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်၌ ဒီဇင်ဘာ အားကစားလ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အားကစားကွင်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက အားကစားလှုပ်ရှားမှုအဖြစ် အမျိုးသား‌ ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂)အတွင်းရှိ စက်ရုံများအား မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းကစတင်၍ စက်မှုဇုန်(၂)အတွင်းရှိ စက်ရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးသည်။

ညောင်ဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ ၁၀၆ ဧကစိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ ၁၀၆ ဧကစိုက်ပျိုးထားရှိပြီး၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကာ ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းခြင်းကြောင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေပြီး ချည်မျှင်ရှည်ဝါစိုက်တောင်သူများ ဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြကြောင်း သိရသည်။

 မန္တလေးမြို့  လူထုစုပေါင်းလမ်းလျှောက်ပွဲ လူဦးရေ ၃၇၀၀ ကျော် ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်ရန်၊ တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်၊ အားကစားကို လူအများစိတ်ပါဝင်စားပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းများကို  စွမ်းစွမ်းတမံဆောင်ရွက်စေရန်၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် လူတစ်စုအားကစားမှ လူထုအားကစားသို့ဟူသော  ရည်မှန်းချက်ကို  အထောက်အကူပြုစေရန် နိုင်ငံတစ်ဝန်း၌ ဒီဇင်ဘာလအားကစားလူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပသည်။

နေအိမ်ဝိုင်းခြံများ၌ ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ‌ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာပြည်သူများသည် စားဝတ်နေရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဟင်းသီး၊ ဟင်းရွက်ပင်များကို မိမိတို့နေအိမ်ခြံဝန်များတွင် စိုက်ပျိုးထားရှိခြင်းဖြင့်  မိသားစုဝင်ငွေအထောက်အကူဖြစ်သည့်အပြင် ပိုလျှံဟင်းသီး၊ ဟင်းရွက်များအား ရောင်းချရသဖြင့် မိသားစု အပိုဝင်ငွေများရရှိကြောင်း သိရသည်။  

ညောင်ဦးမြို့ ငှက်ပစ်တောင်ရပ်၌ လူနေအိမ်မီးလာင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ အမှတ်(၃)၊ငှက်ပစ်တောင်ရပ်၊ မိုးကုတ်ဝိပဿနာရိပ်သာဘေး၌ ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က လူနေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး