မန္တလေးတိုင်းဒေသကြီး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် “မူပိုင်ခွင့်ဆိုင်ရာဥပဒေများဆွေးနွေးပွဲ” ကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကကြီးမှူး၍ မူပိုင်ခွင့်ဆိုင်ရာဥပဒေများဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၄ ရက်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယထပ် အစည်းအဝေးခန်းမတွင်  Online/In person (Hybrid)စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ဒီဇင်ဘာ အားကစားပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ အခြေခံပညာမူလတန်းလွန်ကျောင်း(အုတ်သျှစ်ကုန်း)၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီကစတင်၍ အားကစားလှုပ်ရှားမှုအားကစားပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၏ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၏ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း၍ ယမန်နေ့နံနက်ပိုင်းကစတင်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် သမဝါယမအသင်းသားများ၏ မိုးစပါးရိတ်သိမ်းနေမှုအားကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စီမံကိန်းတာဝန်ခံ၊ အသင်းသားတာဝန်ကျ၊ မြို့နယ်သမဝါယမအသင်းစုတို့သည် ဆောက်အင်းကျေးရွာ ဆောက်အင်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း၊ သမဝါယမအသင်းမှ အသင်းသားဦးဇော်ဦး ၏ကွင်းအမှတ်၃၅ခ၊ ဦးပိုင်အမှတ် ၈၃/၁၀ လယ်မြေဧက(၃)ဧကတွင် ဧရာမင်းမိုးစပါး ရိတ်သိမ်းနေမှုကို ယမန်နေ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံပြင်ဆင်ထားရှိမှုနှင့် မဲပေးသရုပ်ပြပွဲ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေစွာကျင်းပနိုင်ရေးအတွက် မဲရုံပြင်ဆင်ထားရှိမှုနှင့် မဲပေးသရုပ်ပြပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရမည်းသင်းမြို့တွင် မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

ရမည်းသင်းခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့် အနီးကပ်ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဦးထွန်းထွန်းဇော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်တွင် KTV များ မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများများနှင့် ပူးပေါင်း၍ လုပ်ငန်းရှင်များအား မီးဘေးကြိုတင်ကာကွယ်ရေးတွင် အသုံးပြုသည့်ပစ္စည်းများ အဆင်သင့်ထားရှိရန်၊ ဆိုင်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့်

ချမ်းမြသာစည်မြို့နယ်၌ မဲရုံပတ်ဝန်းကျင်အနီးရှိ နေရာများ မီးဘေးလုံခြုံရေးစစ်ဆေး‌

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပွင့်လင်းခြောက်သွေ့သော ရာသီအချိန်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် မဲရုံပတ်ဝန်းကျင်အနီး မီးသတ်ကားအလွယ်တကူ ဝင်ရောက်၍ မရနိုင်သောနေရာများ၊ မီးလောင်မှုနှင့် မီးလန့်မှုများ လျော့နည်းကျဆင်းလာစေရေးအတွက် ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၄×၈၅လမ်းကြား၊ ၁၀၄ လမ်း×၁၀၅လမ်းကြားရှိ အကွက်အမှတ်(၅၀၁)အား တိုင်း‌ဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ရက်က ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့်အရင်းအမြစ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဒီဇင်ဘာ ၁၃ ရက်နံနက်(၅)နာရီခွဲအချိန်က လူထုစုပေါင်းလမ်းလျှောက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် “ဒို့အတူမဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မဲရုံပြုလုပ်မည့်နေရာများအား ကြည့်ရှုစစ်ဆေး

ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၈ နာရီခွဲက ရန်အောင်ကျေးရွာရှိ လူစည်ကားသည့် ဈေးသို့သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး