ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများထားရှိ

ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်‌ရေး ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများကို ယမန်နေ့ နေ့လယ် ၃ နာရီက ရန်ကင်းမြို့နယ် ရပ်ကွက်များအတွင်းရှိ လမ်အဝင်အထွတ်ဂိတ်များ စျေးများတွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။ ဗီနိုင်းပိုစတာများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ခရီးသွားပြည်သူများ လာရောက်ပါက အများပြည်သူအကျိုးကိုရှေးရူ့၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်ပြီး အပူရှိန်မြင့်တက်ပါက လည်းကောင်း၊ သံသယလက္ခဏာများ တွေ့ရှိပါကလည်းကောင်း၊ လက်ချောင်းထိပ်တွင် pulse Oximeters ဖြင့် သွေးအောက်ဆီဂျင် (So 02) တိုင်းတာခြင်းများဆောင်ရွက်ပြီး So 02(၉၂%) ရှိသော ခရီးသွားပြည်သူများအား ခတ္တနားနေစေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်ဆီဂျင် ၉၂%နှင့် အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်သတ်မှတ်နှုန်းထားကို ကာယကံရှင်မှ ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းအား ရန်ကုန်တိုင်းဒေသကြီး မြို့အ၀င်/ မြို့အထွက် ဂိတ်များတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပေးခြင်းများ ပါရှိကြောင်းသိရသည်။

ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု ထိရောက်စေရေး စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်

ကူးစက်မှု ပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်းများ ထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့်  စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ် ဖြင့် ရောင်းချရန် မြို့နယ်စည်ပင်သာယာအဖွဲ့မှ အမိန့်ညွှန်ကြားချက်တစ်ရပ် ယမန်နေ့က ထုတ်ပြန်အသိပေး နိုးဆော်ထားကြောင်း သိရသည်။ 

လှိုင်းဘွဲမြို့နယ်တွင် Covid -19 Positive လူနာ (၂)ဦးထပ်မံတွေ့ရှိ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အနံ့မရသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသပြီး Covid-19 ရောဂါပိုး ရှိ/မရှိ Tesk Kit စစ်ဆေးခဲ့ရာ  ပိုးတွေ့လူနာ(၂)ဦး ထပ်မံတွေ့ရှိကြောင်း  သိရှိရသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ မှ မိုးစပါးလျာထားဧက (၂၉၇၄)ဧကအတွက် ပျိုးထောင်ရေများ စတင်ပေးဝေလျက်ရှိ

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အတွင်းရှိ မန်းချောင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာများတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၂၉၇၄) ဧကအတွက် စတင် ပျိုးထောင်စိုက်ပျိုးနိုင်ရန် ယမန်နေ့မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှ သိရသည်။

တနင်္သာရီတံတားထိပ်တွင် လမ်းနယ်စိမ်းလန်းစိုးပြေရေးအတွက် တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲ စုပေါင်းစိုက်ပျိုး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လမ်းဦးစီးဌာနမှ လမ်းနယ်များ တလျောက်တွင်စိမ်းလန်းစိုးပြေရေးနှင့် ဥပတိရုပ်ကောင်းမွန်စေရေးအတွက် ဇူလိုင်လ ၁ရက် နံနက်၇ နာရီအချိန်က တနင်္သာရီတံတားထိပ် အောက်ကင်းကျေးရွာဘက်ခြမ်းရှိ နဂါးရုပ်တုအနီး လမ်းနံဘေး နေရာများမှာ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲကို စုပေါင်းစိုက်ပျိုး ဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။

ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ သခွတ်ချောင်း ကျေးရွာအုပ်စု၊ ကျွန်းတဲကျေးရွာတွင် ယမန်နေ့က ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

မိုးညိုမြို့နယ်တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တရားရုံးမှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ခြင်းကို မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်တရားရုံးတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲ ၂နာရီက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်၌  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်ရန်  မပျက်မကွက် လုပ်ဆောင်ရမည့် အချက်များနှင့်  အဓိကသတင်းစကား (၁၀) ချက်ပါ အသိပညာပေးပိုစတာ  စိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊   ပဲခူးခရိုင်၊  ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်    ယမန်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန်တွင်   ကဝမြို့မ အမှတ်(၅)ရပ်ကွက် စမူစာကွေ့တွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့်အချက်များ နှင့် အဓိကသတင်းစကား (၁၀)ချက်ပါ မြေစိုက်ပိုစတာ စိုက်ထူပွဲကို ပြုလုပ်ဆောင်ရွက် ခဲ့သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ