ရှမ်းရွာသစ်မြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ နေ့ထူးနေ့မြတ်များ အကြောင်း သိရှိစေရန်နှင့် ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက် မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနှင့် အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို မြို့ပေါ်ရပ် ကွက်များ၊ လူစည်ကားရာနေရာများ၊ ဈေးဆိုင်များနှင့် လမ်းသွားလမ်းလာပြည်သူများတို့အား ယနေ့နံနက် ပိုင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။