ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

လိပ်သိုဒေသတွင် ရော်ဘာစျေးကွက် ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေး လုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စီးပွားရေးလုပ်ငန်း အရ သီးနှံများစွာရှိသည့်အနက် ရော်ဘာပင် စိုက်ပျိုးခြင်းလုပ်ငန်းလည်း တစ်ခုအပါအ၀င်ဖြစ် ကြောင်း သိရပါသည်။

အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရုံးသစ်ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကျင်းပ

မန္တလေး၊အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရုံးသစ်ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မေဃဂီရိရပ်ကွက်၊ ၁၇လမ်းနှင့်၁၈လမ်းကြား၊ ၈၆လမ်းရှိ အဆိုပါရုံးသစ်တည်နေရာ၌ ကျင်းပသည်။

ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဖလမ်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

မိုးကုတ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာ သစ်ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ

မိုးကုတ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အမှုဆောင်ဒါရိုက်တာ သစ်ရွေးချယ်တင်မြှောက်ပွဲနှင့် အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၉ နာရီအချိန်က အဆိုပါမြို့နယ်သမဝါယမအသင်းစု လီမိတက် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဆောင်းရာသီကာလအတွင်း၊ ကွမ်းရွက်စျေးနှုန်းများမြင့်တက်၍ ကွမ်းစိုက် တောင်သူများအနေဖြင့် ဝင်ငွေ ကောင်းကာ အဆင်ပြေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာတွင် ကွမ်းနုဝါခြံများ စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလုပ်သူများအနေဖြင့် ယခုအချိန် ဆောင်းရာသီကာလအတွင်း ကွမ်းနုဝါ (၁) ပိဿာကို (၈၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ စျေးကောင်းရရှိကာ ရောင်ချရလျက်ရှိသဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြောင်မြို့နယ်၊ ပရိမ္မစံပြကျေးရွာတွင် ဖရဲစိုက်တောင်သူများ အနေဖြင့် ဖရဲသီးများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပရိမ္မစံပြကျေးရွာတွင် ဖရဲစိုက်တောင်သူများအနေဖြင့် ဖရဲသီးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် နောင်ခမ်းကျေးရွာ ရွှေကျီးယုံ သမိုင်းဝင်ဘုရာကြီး ရင်ပြင်တော် ကွန်ကရစ်ပတ်လမ်း ခင်းနိုင်ရေး မြေကြီးလိုင်းများတူးဖော်လျှက်ရှိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာရှိ ရွှေကျီးယုံဘုရားသို့ ဘုရားဖူးလာသူများ စိတ်အေးချမ်းစွာဘုရားဖူးနိုင်ရေးအတွက် ဘုရားရင်ပြင်တော် ကွန်ကရစ် ပတ်လမ်း ခင်းနိုင်ရေး သံရွာနယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြေကျင်းတူးဖော်ခြင်း လုပ်ငန်းများကို ဒီဇင်ဘာ(၅)ရက် နံနက်(၁၀)နာရီက ရပ်မိ၊ ရပ်ဖ ဦးမောင်မြင့်၊ ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းနှင့် ကျေးရွာသူ၊ရွာသားများနှင့်အတူ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်လှူဒါန်းခြင်းပြုလုပ်

ကိုဗစ်-၁၉ ကာလအတွင်း ရပ်ကွက်နေပြည်သူများအကြား အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်စေရန်၊ ရောဂါ ကာကွယ်ရေးတွင် တစ်ထောင့် တစ်နေရာမှ အထောက်အကူဖြစ်စေရန်၊ နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းစေရန်တို့ကို ရည်ရွယ်ကာ အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်လှူဒါန်းခြင်းကို ယမန်​နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်း ခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ကရင်အမျိုးသားရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် STOP COVID အဝါရောင် Mask Campaign လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့် အညီ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်၌ ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က STOP COVID အဝါရောင် Mask Campaign လှုပ်ရှားမှု ကိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ