ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ဘိုကလေးမြို့နယ် မဟာသီလဝံကန်တော်ကြီး ကန်ဆယ်ယူခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာ ကတည်းက သောက်ရေကန်အဖြစ် မြို့နေလူထုမှ အားကိုးအားထားပြုလာခဲ့သည့် ဘိုကလေးမြို့၏ပြယုဂ် မဟာသီလဝံကန်တော်ကြီးသည် ပြောင်းလဲလာသည့် ရာသီဥတုနှင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် သောက်ရေကန်ကြီးအတွင်း အမှိုက်များ တည်ရှိနေခြင်း၊ ကန်ဘောင်ပတ်လည်တွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေမှုများ ရှိနေသည့်အတွက် ယခုနှစ် ဒီဇင်ဘာလဆန်းခန့်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ စေတနာထား ဦးဆောင်သူများ၊ စေတနာ့လုပ်အားရှင်များနှင့် မြို့သူ/မြို့သားအလှူရှင်များ၊ ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ စုပေါင်း လှူဒါန်းဆောင်ရွက်မှုတို့ဖြင့် ကန်အတွင်းမှ အမှိုက်သရိုက်များဆယ်ယူခြင်း၊ ကန်ဘောင် လျှောက်လမ်းမှ ခြုံနွယ်ပိတ်ပေါင်းများအား စက်ယန္တရားများဖြင့် ရှင်းလင်းခဲ့ခြင်းကြောင့် ယနေ့အချိန်တွင် ကန်ဆယ်ယူခြင်းလုပ်ငန်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီ ဖြစ်သည်။

ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသွားလာနေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ငွေဆောင်နယ်မြေစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီအချိန်တွင် နှာခေါင်း စည်းများကို အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးတွင် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ‌ကော်မတီ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်အဆင့် ကလေး သူငယ် အခွင့်အရေးဆိုင်ရာ‌ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင် အဆင့် ကလေး သူငယ် အခွင့် အရာဆိုင်ရာ ကော်မတီ ဥက္ကဌ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်က ကော်မတီ၏ လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးပြီး အဖွင့်အမှာစကားပြောကြားသည်။

ထန်ပါခွေမြို့၌ ခွဲစိတ်ဆောင် RC (၁) ထပ်တည်ဆောက်ပြီးစီးမှုနှင့် လယ် (၅၀) ဧက ဖော်ထုတ် ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဒီဇင်ဘာလ (၇) ရက်၊ နံနက် (၈) နာရီအချိန်က ခွဲစိတ်ဆောင် RC (၁) ထပ်တည်ဆောက် ပြီးစီးမှုနှင့် လယ် (၅၀) ဧကဖော်ထုတ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ငါးသယံဇာတပြုန်းတီးမှုနှင့် ကျဉ်စက်အန္တရာယ် ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် ဒေသတွင်း သဘာဝမြစ်၊ ချောင်း ၊အင်း၊ အိုင်၊ ဆည် တမံများနှင့် ငါးမွေးမြူရေးလုပ်ငန်းများ အသင့်အတင့်ရှိသည့် ခရိုင်မြို့ တစ်မြို့လည်းဖြစ်သည်။ သို့သော်လည်း ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှုနည်းပါးခြင်း၊ ငါးသယံဇာတ ထုတ်လုပ်တိုးတက်မှုတို့ လျော့နည်းနေခြင်းတို့ကို တွေ့ရကြောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ငွေလုံးငွေရင်းလုပ်ငန်းခွင့်ပြုငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ နှစ်စဉ်ခွင့်ပြုငွေများဖြင့် မြို့နယ်သန့်ရှင်းသာယာ လှပစေရေးနှင့် ဖွံဖြိုး တိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်း ငွေလုံး ငွေရင်းလုပ်ငန်း ခွင့်ပြုငွေ(၉၈.၇)သိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၃)ရှိ ရွှေညောင်ပင်လမ်းသွယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့ တွင် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကသာခရိုင် အင်းတော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Camping ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် Covid–19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သည့်အနေဖြင့် Mask Camping ပြုလုပ် ဆောင်ရွက်ခြင်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ ) ရက် နံနက် ( ၈ ) နာရီအချိန်က အင်းတော်မြို့တွင်းရှိ လူစည် ကားရာနေရာဖြစ်သော အင်းတော်မြို့မဈေးနှင့် အင်းတော်မြို့ မြန်မာ့စီးပွားရေးဘဏ်ရုံးရှေ့တွင် အင်းတော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာလေမြို့အတွင်းရှိ ကျေးရွာအချို့တွင် ပြင်ပလူ အဝင်/အထွက် ကန့်သတ်မှုကို တင်းကြပ်စွာ ‌ဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်းရှိ ကျေးရွာအချို့တွင် covid-19 ရောဂါကူးစက်လာခြင်းများ မဖြစ်ပေါ်စေရေးအတွက် မိမိကျေးရွာအတွင်း ကျေးရွာ တာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ကျေးရွာ အဝင်/အထွက် ကန့်သတ်မှုများကို ယမန်နေ့က စတင်၍ ပြည်သူများကိုယ်တိုင် တင်းကြပ်စွာ ပြုလုပ်ဆောင်ရွက်လာကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် Facility Quarantine အဆောင်နေရာအား သန့်ရှင်းရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လိုအပ်ချက်အရ Facility Quarantine အဆောင် ထပ်မံတိုးချဲ့ ဖွင့်လှစ်မည့် နမ့်စန် အ.ထ.က ကျောင်းဝန်းအတွင်းတွင် သန့်ရှင်းရေး လုပ်ငန်းများနှင့် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ ကို ယနေ့နံနက် ၉ နာရီက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ