ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

အရာ​​​တော်မြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သဘာဝပိုးနှင်​ဆေး ပြုလုပ် နည်း လက်​တွေ့ပြသ​ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်​ပညာပေး ၀န်ထမ်းများသည် ယမန်​နေ့က အရာ​တော်မြို့နယ် အမှတ်(၁) နယ်မြေအတွင်းရှိ တောင်သူ ဒေါ်ဝါအိ၏ နေအိမ်တွင် သဘာ၀ပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်းကို လက်​တွေ့ ပြုလုပ်ပြသခဲ့​ကြောင်း သိရသည်။

တ​ကောင်း​ဒေသတွင် မိုးစပါးစံကွက်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၉)နောင်လုံကွင်း၊ ဦးပိုင်အ မှတ် ၂၁ တောင်သူဦးသိန်းနိုင်၏ မိုးစပါး စိုက်ခင်း အတွင်းစံ ကွက်ရိတ်သိမ်းခြင်းကို ယမန်​နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ရာ တကောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမျိုးနိုင်သောင်းနှင့်ဝန်ထမ်းများ၊ တကောင်းမြို့လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်း ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်လင်းနှင့် ဝန်ထမ်းများ၊ ဖုန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ လာရောက်ကြည့်ရှု့ အားပေးခဲ့ကြ သည်။

ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် နှာခေါင်းစည်းမပါသည့် ဈေးရောင်း၊ဈေးဝယ်ပြည်သူများအား အခုဝယ်၊အခုတပ်စနစ်ဖြင့် ပညာပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့တွင် စည်ပင်သာယာရေးအဖွဲ့ပိုင် အေးမြကြည်လင်ဈေးတွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်(၈)နာရီက နှာခေါင်းစည်းမပါသည့် ဈေးရောင်း၊ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်းတစ်ခုလျှင်(၂၀၀) ကျပ်ဖြင့် အခုဝယ်၊ အခုတပ် စနစ်ဖြင့် ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ‌ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ လိုက်နာ နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့သစ်မြို့ ကွက်သစ်ရပ်ကွက် စာတိုက်လမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် တိုင်းဒေသကြီး

ကျွန်းစုမြို့တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စည်ပင်သာယာရေးကော်မတီ က ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း ပြောင်းဖူးများ ၀ယ်လိုအားနည်းသည့််အတွက် ပြောင်းစျေးနှုန်းများကျဆင်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဒေသထွက်ကုန် တစ်မျိုးဖြစ်သော ပြောင်းဖူး များကို ကိုဗစ်-၁၉ ကာလအတွင်း ၀ယ်လိုအားနည်းတာကြောင့် ယခင်နှစ်က ပြောင်းတစ်ပိဿလျှင် ငွေကျပ် ၅၀၀ ၀န်းကျင် ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၄၀၀ ၀န်းကျင်သာရှိပြီး ‌စျေးနှုန်း ကျဆင်း နေကြောင်း ဒေသခံ ပြည်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လွိုင်လင်မြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦးအနက်(၂)ဦးအား ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြု

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃)ဦးရှိရာ လွိုင်လင်ပြည်သူ့ဆေးရုံ ဆေးတပ်ဆွယ်အဆောင်တွင် သီးခြားစောင်းကြည့် ကုသမှုပေးထားပြီးနောက် (၂)ဦးအား ယနေ့ နံနက်(၁၀)နာရီတွင် ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး ကျန်တစ်ဦးကို ဆက်လက်ကုသပေးလျက်ရှိကြောင်းသိရသည်။

လားရှိုးတွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ စုစုပေါင်း (၅)ဦးတွေ့ရှိ

လားရှိုးမြို့ရှိ Facility Quarantine နှင့် Hotel Quarantine တွင်အသွားအလာ ကန့်သတ်ထား (၂၅၄)ဦး တို့အား လားရှိုးမြို့နယ် ကျန်းမာရေး ဦးစီးဌာနက အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် တို့ကို မူဆယ်မြို့ရှိ ကျန်းမာရေးဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာ ယမန်နေ့တွင် ထွက်ရှိလာသော အဖြေရလဒ်များအရ လားရှိုးမြို့ ပညာရေးကောလိပ်တွင် ဖွင့်လှစ်ထားသော Facility Quarantine Center မှ အမျိုးသား (၃)ဦးနှင့် Hotel Quarantine မှ အမျိုးသမီး (၁)ဦး၊ နောင်မွန် ကျေးရွာတွင် Home Quarantine ထားရှိသော အမျိုးသမီး(၁)ဦး စုစုပေါင်း (၅)ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ(တွေ့ရှိ)ခဲ့ရသည်ဟု လားရှိုးမြို့နယ် ကိုဗစ်(၁၉)ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံက သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ