အမြို့မြို့အနယ်နယ်သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့ပေါ် မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့၊ ရွှေပုသိမ်ဧည့်ရိပ်သာတွင် မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီးဖြစ်၍ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဓာတ်ဆီဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

မဟာအောင်မြေမြို့နယ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

‎‎မဟာအောင်မြေမြို့နယ် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်း‌က ကျင်းပပြုလုပ်သည်။

ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်အောက်ကလေးများအား ပိုလီယိုကာကွယ်ဆေး ဆက်လက်တိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်အောက်ကလေးများအား ပိုလီယိုကာကွယ်ဆေးကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း (၄) ခန်းတွဲ (၅) ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂) လုံး ဖွင့်လှစ်

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ တောင်ကလေးစုပေါင်းဝန်ထမ်းအိမ်ရာစခန်းတွင် (၄) ခန်းတွဲ (၅) ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦနှစ်လုံးဖွင့်ပွဲကို ကျင်းပသည်။

ကလေးဝမြို့ မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင်မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲများဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင် Grade-1 ,2,3,4,6,7,8,10,11 တို့မှ  ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ ၄ ရက်နေ့နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ခရိုင် / မြို့နယ်ပညာရေးမှူးများ လိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်နှင့် မဟာအောင်မြေခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲ ကျင်းပနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရွှေဘိုမြို့အတွင်းရှိ ဈေးများမီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ စျေးများမီးလောင်မှုမီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီချိန်က ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော ခရိုင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရွှေဘိုမြို့နယ်အတွင်းရှိ အောင်ဇေယျစျေး၊ ကုန်းဘောင်စျေးနှင့် ရွှေဘိုမြို့မစျေးတို့အား မီးဘေးလုံခြုံရေးစစ်ဆေးပြီး အပေါ့စားမီးသတ်စက်များ မီးသတ်ဆေးဘူးများ အသင့်အသုံးပြုနိုင်ရေးဆောင်ရွက်ထားရန်၊ ရေကန်နှင့်ရေစင်များတွင် ရေအပြည့် ဖြည့်ထားရန် စျေးတံခါးများမီးသတ်ယာဥ် ဝင်လမ်းထွက်လမ်းကောင်းမွန်စေရေး ဆောင်ရွက်ထားရန်၊ စျေးဆိုင်ခန်းများရှေ့တာလပတ်စများ ကာထားမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် ညစောင့်တာဝန်ချထားသူများအား မီးသတ်ဆေးဘူး၊ အပေါ့စားမီးသတ်စက်တို့ဖြင့် မီးငြိမ်းသတ်မှု လေ့ကျင့်ပေးထားရန်၊ မီးလောင်မှုမီးလန့်မှုဖြစ်ပွားပါက လက်ဦးမှုရယူငြှိမ်းသတ်ပြီး အချိန်နှင့်တစ်ပြေးညီ မီးသတ်စခန်းသို့အကြောင်းကြားရန် အကြံပြုခဲ့ပြီး ဆီမီးလောင်မှုနှင့် ဂက်စ်အိုးမီးလောင်မှုတို့အား မီးသတ်ဆေးဘူး ရေစိုအဝတ်တို့ဖြင့် ငြှိမ်းသတ်ခြင်း၊ မီးသတ်ယာဥ်ဖြင့် ငြှိမ်းသတ်ခြင်းတို့အား ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

သံဖြူဇရပ်၌ နေအိမ်များအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းပိုင်းရပ်ကွက်အတွင်း ယမန်​နေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးများစစ်ဆေးသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ