ဝေါလေမြိုင်မြို့ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်း နေထိုင်လျက်ရှိသော အသက် ၈၅ နှစ်နှင့် အထက် အဘိုး/အဘွားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသော လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ဝေါလေမြိုင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစာရေး များမှ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။