တီးတိန်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အသစ် ရွေးချယ်ရာ၌ ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာ ကွင်းဆင်း ရှင်းလင်း ဆောင်ရွက်
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအသစ် ရွေးချယ်ရာ၌ ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာများ ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့က ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးမင်းကျော်နှင့် တာဝန်ရှိသူတို့က တီးတိန်မြို့၊လေးလုမ်းရပ်ကွက်နှင့် မြို့မရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။