တနိုင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်များစိုက်ထူ
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်များ စိုက်ထူခြင်းကို ပုန်ခုန်းကောင်းရပ်ကွက်ရှိ အမှတ်-၁ အခြေခံပညာအထက်တန်း ကျောင်း၊ ဆင်ဆာ့ရပ်ကွက်ရှိ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းနှင့် ကင်ဆားရာရပ်ကွက်ရှိ အလကခွဲ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် မေလ ၂၃ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။