မိုးညှင်းမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကျင်းပ
ကချင်ပြည်နယ်မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ရွာသစ်ကုန်းကျေးရွာမှ တောင်သူ(၄၂)ဦး၊ ဧက(၂၃၀)ဧကအတွက် ချေးငွေကျပ် (၃၄၅)သိန်းအား ယနေ့နံနက် (၁၀)နာရီခွဲမှစတင်၍ အဆိုပါဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။