ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စုအတွင်း ယာယီနေရပ်စွန့်ခွာသူများအား သွားရောက်တွေ့ဆုံအားပေး၊ လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လတ်တလောနယ်မြေမတည်ငြိမ်မှု ဖြစ်စဉ်ကြောင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နောင်ချိန်းကျေးရွာအုပ်စုအတွင်း ယာယီနေရပ်စွန့်ခွာသူများအား အမိုး/ အကာအောက်တွင် လုံခြုံစွာနေထိုင်စားသောက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ မေ ၁၅ ရက် မွန်းလွဲ ၁ နာရီက နောင်ချိန်းကျေးရွာသို့ သွားရောက်ခဲ့ကြသည်။