ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် ညှိနှိုင်းဆွေးနွေးမှာကြား
ကချင်ပြည်နယ်အတွင်း ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။