ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများတွင် ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေး

၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ ပထမနေ့ကို နိုင်ငံတစ်ဝှမ်းလုံး၌ စတင်ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ပေါ် အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနများ၌ ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12)စာမေးပွဲ အေးချမ်း တည်ငြိမ်စွာ ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်စတင်ဖြေဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ပထမနေ့အဖြစ် မြန်မာစာ ဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်သားလူငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကာ ပျော်ရွှင်စေရန်ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးကာ ပျော်ရွှင်စေရန်ရည်ရွယ်၍ ပြပွဲ၊ပြိုင်ပွဲများကို မတ်လ ၁၁ ရက် မွန်းလွဲ၁နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရ စက်မှု/လက်မှု သိပ္ပံ(မိုးညှင်း)ကျောင်း၌ ဆဋ္ဌမအကြိမ်မြောက် (A.G.T.I) ဒီပလိုမာအပ်နှင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အစိုးရစက်မှု/လက်မှု သိပ္ပံ(မိုးညှင်း)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ဆဋ္ဌမအကြိမ်မြောက် (A.G.T.I) ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး၊ ငါးသယံဇာတတိုးပွားရေး အတွက် ငါးမွေးကန်များစာရင်းနှင့် မြေအသုံးချမှုမှန်ကန်စေရေး၊ လိုအပ်သည့်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ငါးမွေးတောင်သူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး၊ ငါးသယံဇာတတိုးပွားရေးအတွက် ငါးမွေးကန်များစာရင်းနှင့် မြေအသုံးချမှုမှန်ကန်စေ‌ရေးအတွက် ဥပဒေအညီဖြစ်စေရေး၊ လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ငါးမွေးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၉ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြိုင်ပွဲများ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကဗျာရွတ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို မတ်လ ၈ရက်နေ့ နံနက် ၁၀နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၉ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ “ကုန်သည်ကြီးများ” ဟိုတယ် သင်တန်းခန်းမတွင် ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ်နှင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ လောကမာန်အောင်ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်း ကုသိုလ်ဒါနအလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားသို့ တက်‌ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့ပြများအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ ပြီး စိမ်းလန်းစိုပြေလာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မတ် ၉ ရက် နံနက် ၇ နာရီက ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား၊ ပြည်နယ်လက်ရွေးစင် U-25 အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ အခြေခံရေကူးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ် (၁) လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း ကလေးငယ်များက “ထာဝရသစ္စာ” တေးသီချင်းဖြင့် ကပြဖျော်ဖြေ၍ ဖွင့်လှစ်ပေးသည်။
Subscribe to ကချင်ပြည်နယ်