ကချင်ပြည်နယ်

ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် အနာဂတ်မျိုးဆက်သစ်ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိပြီး ကလေးငယ်များ စာကြည့်တိုက်၌ ပျော်ရွှင်မှုရရှိစေရန်၊ ကလေးငယ်များ၏ ကိုယ်ပိုင်ဥာဏ်စွမ်းအားများဖြင့် အရာရာကို ဖန်တီးပုံဖော်တတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲဆောင်ရွက်ခဲ့သည်၊၊

‌ချီဖွေမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ချီ‌ဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ၁၆-၁-၂၀၁၂ ရက်နေ့ နံနက်(၉)နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ)တွင် ကျင်းပခဲ့ရာ အ.ထ.က(ချီဖွေ)မှ ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့သည်။

မိုးကောင်းမြို့၌ လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စံထက်ကျော်ကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဇန်နဝါရီ(၁၆)ရက် နေ့လယ်(၁)နာရီတွင် အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များ ဖျက်ဆီးစော်ကားမှုများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက် (၈)နာရီခွဲက မိုးညှင်းမြို့ မြို့မရပ်ကွက်၊ သိမ်အင်းရပ်ရှေ့ ပန်းခြံအနီးပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ အ.ထ.က - ၅ တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲခန့်က အ.ထ.က(၅)အောင်ဆန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။

မိုးညှင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယခုပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီ (၁၅)ရက် နံနက်(၉)နာရီခွဲက အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

မချမ်းဘောမြို့နယ်တွင် ဒေသအစားအစာတစ်ခုဖြစ်သော နန်ကောရှီ(ခေါ်) တင်းကောသီးမှ စားသုံးဆီများထုတ်ယူရရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသထွက်သီးနှံတစ်ခုဖြစ်သော နန်ကောရှီးခေါ်တင်းကောသီးမှ စားသုံးဆီများ တစ်ပိုင်တစ်နိုင် ထုတ်ယူလျက်ရှိသည်။ တင်းကောသီးသည် မချမ်းဘောမြို့နယ်အတွင်းရှိ တောတောင်ယာများတွင် သဘာဝအလျောက်ပေါက်ရောက်တတ်ပြီး အချို့ကလည်းတောင်ယာခြံစည်းရိုးများ၊ အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြသော အပင်မှရရှိခြင်းဖြစ်ကာ ၄င်းအပင်သည် ထန်းပင်၊ပေပင်တို့နှင့် အလားသဏ္ဍာန်တူပြီး စတင်စိုက်ပျိုးချိန်မှ နှစ်ပေါင်း ၁၀ ကျော်ကာလသို့ ရောက်ရှိချိန်မှသာ အသီးများစတင်သီးလာပြီး နှစ်ရှည်သီးပင် အမျိုးအစားဖြစ်ကြောင်း သိရသည်။ တင်းကောသီးများသည် နိုဝင်ဘာလတွင် စတင်ရင့်မှည့်ပြီး အသီးများရင့်မှည့်လာချိန်တွင် အပြင်ဘက်ပိုင်းမှာ မင်းကွတ်သီးအရောင်နှင့်တူပြီး အတွင်းသားမှာ အဝါရောင်ဖြစ်လာကာ ဒေသခံများက ရေနွေးနှင့် အနည်းငယ်ပြုတ်၍ အတွင်းသားကိုခြစ်ကာ ငရုတ်သီးထောင်း၍ သော်လည်းကောင်း သရေစာအဖြစ်သော်လည်းကောင်း တစ်နေလှန်းပြီး ကောက်ညှင်းပေါင်းများဖြင့် နယ်၍လည်းကောင်းစားကြပြီး အရသာမှာ ဆိမ့်ကာဆီထွက်သော အစားအစာတစ်မျိုး လည်းဖြစ်ပါသည်။

မိုးညှင်းတက္ကသိုလ်၌ ၂၀၂၃−၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃−၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ (၁၄)ရက် နံနက် (၉)နာရီတွင် အ.ထ.က (၁)ကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့နယ်အတွင်း လယ်သီးထပ်ဆောင်းသီးနှံစိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၊ (၇၆)နှစ် ကချင်ပြည်နယ်နေ့အောင်ပွဲအထိမ်းအမှတ် အရာထမ်း/အမှုထမ်းများ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူမျးနှင့်အတူ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲက ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့ရှိ စံပြစိုက်ကွင်းများအတွင်း လယ်သီးထပ်ဆောင်းသီးနှံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းစေရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်