ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဆုများချီးမြှင့်
နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။