ကချင်ပြည်နယ်

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရေရှည်တည်တံ့သော လူထုအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံမှုကြမ်းရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရေရှည်တည်တံ့သော လူထုအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံမှုကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မိသားစု ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော် ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်အစိုးရအဖွဲ့၏ မိသားစု ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ဌာနဆိုင်ရာများ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ မနောကွင်းအထိ တပျော်တပါး စုပေါင်းလမ်းလျှောက်ကြသည်။

ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီခွဲက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်းစုရပ်မှ စတင်ကျင်းပသည်။

ပူတာအိုမြို့နယ် ခါးလန်ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ရှာကောစိုက်တောင်သူများ ယခင်နှစ်ထက် အထွက်နှုန်းကောင်းသဖြင့် မိသားစုများ အဆင်ပြေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ ခါးလန်ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ရှာကော(ဟင်းခတ်အမွေးအကြိုင်)စိုက်ပျိုးတောင်သူများ ယခင်နှစ်ထက် အထွက်နှုန်းကောင်းသဖြင့် မိသားစုများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးမွေးမြူရေးကျေးရွာစီမံကိန်း လက်စွဲစာစောင် ပြင်ဆင်/ ဖြည့်စွက်‌ ရေးဆွဲခြင်း၊ ရန်ပုံငွေများ ထပ်မံစိစစ်လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကချင်ပြည်နယ်အတွက် မတည်ပေးခဲ့သည့် ရန်ပုံငွေကျပ် ၈ ဘီလီယံကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပထမနှစ်စက်ဝန်းတွင် ရင်းနှီးမတည်ဆောင်ရွက်နိုင်ခဲ့ပြီးရာ ရန်ပုံငွေများကို ဒုတိယနှစ်စက်ဝန်း ဆက်လက်လည်ပတ်နိုင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟိုပင်မြို့ ပြည်သူ့ဆေးရုံတွင် တိုးချဲ့အဆောက်အဦဆောက်လုပ်ခွင့် ခွင့်ပြုချထားပေးနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ (၂၅)ကုတင်ပြည်သူ့ဆေးရုံတွင် တိုးချဲ့အဆောက်အဦဆောက်လုပ်ခွင့်ပြုနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြသည်။

မိုးညှင်းမြို့၌ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံကိန်းကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကျေးရွာများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ်စီမံကိန်းကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့နှင့် (၁၀)ရက်နေ့တွင်ကျရောက်မည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့သည်။

မိုးညှင်းတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲက ရတနာခန်းမ၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်