မချမ်းဘောမြို့နယ် ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာ ပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ကောင်းမှုလုံကျေးရွာတွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဌာန်းမြတ်ရွတ်ဖတ်ပူ ဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါ ကောင်းမှုလုံစေတီတော်ရင်ပြင်ရှိ တေဇသာလာဓမ္မာရုံတော်၌ ကျင်းပသည်။