ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်အားပေး
ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ မြစ်ကြီးနားယူနန်ဘုံကျောင်း တရုတ်လူငယ်များက ပူးပေါင်းစီစဉ် ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။