ကချင်ပြည်နယ်

ပူတာအိုခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ဘက်စုံထူးချွန်ထက်မြက်သော လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာနိုင်ရေးအတွက် ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက်ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အလွတ်တန်း(ကျား/မ) မီနီမာရသွန်အပြေးပြိုင်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်း (ကျား/မ)မီနီမာရသွန်အပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ သခင်နက်ဖေလမ်းပေါ်၌ စတင်တာလွတ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က မြစ်ကြီးနားဂေါက်ကလပ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးညှင်းတက္ကသိုလ်၌ အမျိုးသားတံခွန်စိုက် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် (၂၀၂၄−၂၀၂၅) ပညာသင်နှစ် အမျိုးသားတံခွန်စိုက် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် တက္ကသိုလ်မိုးလုံလေလုံဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော်သို့ တက်ရောက်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်လယ်များတွင် လယ်သီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကချင်ပြည်နယ်၏ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများနှင့် အခြေခံပညာကျောင်းပေါင်းစုံနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဉီးစီးဌာနက ကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘာသီး၊ ခရမ်းချဉ်သီး၊ ဘုရင်သီး၊ အမေရိကန်သံပရာသီးတို့အား ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားခြင်းဖြင့် စိုက်ပျိုးရေးတောင်သူနှင့် စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ခြင်းနှင့် ၎င်းတို့စိုက်ပျိုးသောသီးနှံများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် သင်တန်းဆင်းများ ထုတ်လုပ်သည့် တန်ဖိုးမြှင့်အစား အစာများအား စနစ်တကျ ဓာတ်ခွဲစမ်းသပ်၍ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးနှင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဉီးစီးဌာနတွင် မှတ်ပုံတင်ခြင်းဖြင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းရှင်များတိုးပွား၍ နိုင်ငံ၏စီးပွားရေးဖွံဖြိုးမှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် နယ်မြေ(၅)ရှိ ရှာလင်အေဂျီအသင်းတော် ဘုရားကျောင်း၌ ကျင်းပသည်။

မိုးညှင်းခရိုင်၌ အခြေခံပညာအထက်တန်းဆင့် Grade-11 နှင့် Grade-12 ကျောင်းသား/သူများအတွက် ဥပဒေအသိပညာပေးရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-11 နှင့် Grade-12 တွင် ဥပဒေဘာသာရပ် ထည့်သွင်းသင်ကြားနိုင်ရေး ဆရာ၊ ဆရာမများ ဆရာဖြစ်သင်တန်း (TOT)ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောအကဖြင့် ဆင်နွှဲနိုင်ရေး ရိုးရာအစည်အလာနှင့်အညီ မနောတိုင်စိုက်ထူ

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြည်ထောင်စု၏စည်းလုံးခြင်း၊ စီးပွားလာဘ် လာဘတိုးပွားစေခြင်းနှင့် အောင်မြင်ခြင်းအထိမ်းအမှတ် မနောအကဖြင့် ဆင်နွှဲနိုင်ရေး ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ရုံးရှေ့မြက်ခင်းပြင်၌ မနောတိုင်ကို ရိုးရာအစဉ်အလာနှင့်အညီ စိုက်ထူခဲ့ကြသည်။

ပူတာအိုမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ခြင်းနှင့်အားကစားပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ(၄)ရက်နံနက်ပိုင်းက သတ်မှတ်နေရာ အသီးသီးတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖွင့်လှစ်သွားမည့် ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် (၇၇)နှစ်မြောက် ကချင်ပြည်နယ် အထိမ်းအမှတ်အခမ်း အနားကို မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အပြင် ပြည်နယ် နေ့အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှုပြတိုက်(မြစ်ကြီးနား)နှင့် ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းများ ကို ဖွင့်လှစ်သွားမည်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီခွဲက အပန်းဖြေစခန်းအတွင်း ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်