ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ဒေသထွက်ထုတ်ကုန်ပစ္စည်းများအား ခင်းကျင်းပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့တက်ရောက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို မြစ်ကြီးနားမြို့၌ အဖွင့်မနောအက၊ အပိတ်မနောအက၊ ဒေသထွက်ထုတ်ကုန်ပစ္စည်းပြခန်းများဖြင့် အထိမ်းအမှတ်နေ့ဖွင့်ပွဲအခမ်းအနားများဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဧရာဝတီမြစ်ကမ်းဘေး၌ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကြိုဆိုပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ် နှစ်သစ်ကြိုဆိုပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းစီမံကိန်းနေရာ၌ ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီက နှစ်သစ်အကြို ဆုတောင်းဝတ်ပြုခြင်း၊ အကအလှများဖြင့် ဖျော်ဖြေ ခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြုသင်တန်းကျောင်း(မြစ်ကြီးနား)၏ အဋ္ဌမအကြိမ် သူနာပြု-သားဖွား ဒီပလိုမာအပ်နှင်းခြင်းအခမ်းအနား၊ မြစ်ကြီးနား ဈေးသူ/ ဈေးသားများနှင့် မြစ်ကြီးနားအကျဉ်းထောင်တို့၏ ခရစ္စမတ်နှင့် နှစ်သစ်ကူးကြိုဆိုဆုတောင်းပွဲများသို့ တက်ရောက်အားပေး

၂၀၂၅ ပညာသင်နှစ်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားသူနာပြုသင်တန်းကျောင်း၏ အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာအပ်နှင်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၈ နာရီက သင်တန်းကျောင်း (၃)ထပ် စာသင်ဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ရှိ အများပြည်သူအပန်းဖြေရာ ပန်းခြံနှင့် ကစားကွင်းများ သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းစစ်ဆေး

အများပြည်သူရုံးပိတ်ရက်များတွင် ပြည်သူများ လွတ်လပ်စွာ ပျော်ရွှင်နိုင်ရေးအတွက် ပန်းခြံများ သန့်ရှင်းသပ်ယပ်မှုရှိစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာ တရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ပန်းခြံများနှင့် ကစားကွင်းများအား ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်ကူးပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်အတွင်း အတူတကွ ပေါင်းစည်းနေထိုင်ကြသော ကရင်တိုင်းရင်းသားတို့၏ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယနေ့ နံနက် ၆ နာရီက မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်အတွင်းရှိ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားဂေါက်ကလပ်၏ ကောက်သစ်စားပွဲနှင့် ခရစ္စမတ်ပွဲအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနားဂေါက်ကလပ်က ကြီးမှူး၍ ကောက်သစ်စားပွဲနှင့် ခရစ္စမတ်ပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ရန်ကြီးအောင် နံနက်ဈေးအတွင်း သက်သာချောင်ချိရေးဈေးရောင်းပွဲအား ကြည့်ရှုအားပေး

ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီက ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ မြို့တွင်းလမ်းများအတိုင်း မနောကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီး မနောကွင်းအတွင်း လေ့ကျင့်ခန်းကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄ ခုနှစ်၊ ခရစ္စမတ်ပွဲတော်သို့ တက်ရောက်အားပေး

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄ ခုနှစ်၊ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ဌာနေတိုင်းရင်းသား မျိုးနွယ်စုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို နှစ်စဉ် ကျင်းပလေ့ရှိရာ ၂၀၂၄ ခုနှစ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားများ ခမ်းနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ ၂၀၂၅ ခုနှစ် နှစ်ကူးကြိုဆိုပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယခင်နှစ်များနှင့်မတူ ပိုမိုခမ်းနားထည်ဝါစွာ၊ ရင်းနှီးထွေးနွေး ပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်