ပူတာအိုခရိုင်၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်/မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် သတင်းအရည်အသွေး ကောင်းမွန်လာစေရန်နှင့် သတင်းလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက် (၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။