ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ဌာနေတိုင်းရင်းသား မျိုးနွယ်စုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို နှစ်စဉ် ကျင်းပလေ့ရှိရာ ၂၀၂၄ ခုနှစ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားများ ခမ်းနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ ၂၀၂၅ ခုနှစ် နှစ်ကူးကြိုဆိုပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယခင်နှစ်များနှင့်မတူ ပိုမိုခမ်းနားထည်ဝါစွာ၊ ရင်းနှီးထွေးနွေး ပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအား ကျေးရွာကော်မတီသို့လွှဲ ပြောင်းပေးအပ်ခြင်းအခမ်းအနားနှင့် ခရစ္စမတ်ပွဲတော်တက်ရောက်ခြင်းနှင့် MSME လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဉီးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဉီးကျော်မင်းခိုင်တို့သည် ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး ဉီးရန်နိုင်လွင်နှင့်အတူ ယမန်နေ့ နံနက်(၈)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအား ကျေးရွာကော်မတီသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတက်ရောက်သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ စက်သုံးဆီအရောင်ဆိုင် လုပ်ငန်းရှင်များ၊ စည်ပင်ဝန်ထမ်းများနှင့်တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့သည် ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်နိုင်လွင်နှင့်အတူ ယမန်နေ့ ညနေ(၅)နာရီခွဲက မန်းရတနာပုံလေကြောင်းလိုင်းဖြင့် ပူတာအိုလေဆိပ်သို့ရောက်ရှိလာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းတာဝန်ရှိသူများက ကြိုဆိုကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်ပွဲရ ကချင်ပြည်နယ်အားကစားအဖွဲ့များအား အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များကို ဆွတ်ခူးရယူနိုင်ခဲ့သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့သဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အောင်ပွဲရ အားကစားအသင်းများအား ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မျက်ခင်းပြင်၌ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင် ပြန်လည်ရောက်ရှိလာကြသည့် ပြည်နယ်ကိုယ်စားပြုအားကစားအဖွဲ့များအား မြစ်ကြီးနားလေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆို

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အား နေပြည်တော်၌ ဒီဇင်ဘာ (၉) ရက် မှ (၂၀)ရက်နေ့အထိ ကျင်းပခဲ့ရာ ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွင် အားကစားနည်း (၂၃)နည်းအနက် အားကစား (၂၁)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာသော ပြည်နယ်ကိုယ်စားပြုအားကစားအဖွဲ့များအား ယမန်နေ့ ညနေ ၇ နာရီက မြစ်ကြီးနားလေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မိသားစုခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော်သို့တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလတတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ မြို့တွင်းလမ်းများအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ရိုးရာမနောအက၊ ဒေသထွက် ထုတ်ကုန်ပစ္စည်းပြခန်း၊ ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ရိုးရာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာတွင် ရိုးရာမနောအက၊ ဒေသထွက်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြခန်းများ၊ သစ်သီးဝလံပြပွဲပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ပူတာအို၌ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်သူလူထုအတွင်း အားကစားကို စိတ်ဝင်စားလာပြီး ကိုယ်လက်ကြံ့ခိုင်သောဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် ဒီဇင်ဘာအားကစားလအတွင်း အပတ်စဉ် စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်(၆)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့စုရပ်၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ်(၆၀)ပြည့် မြန်မာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ် စေတနာသွေးသန့် သွေးလှူရှင်များအသင်းကကြီးမှူး၍ နှစ်(၆၀)ပြည့် မြန်မာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးခဲ့သည်။
Subscribe to ကချင်ပြည်နယ်