ကချင်ပြည်နယ်

ပူတာအိုမြို့ အ.ထ.က (ပူတာအို) ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် ဓာတ်ပုံပြပွဲများကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသားလူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန်ရည်ရွယ်ကာ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် ဓာတ်ပုံပြပွဲများကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.ထ.က(ပူတာအို) ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက် (၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းများအလိုက် ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီအချိန်က ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

နောင်မွန်းမြို့နယ်၌ မိုးရာသီဖိတ်ခေါ်ဖလားအမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရေးနှင့် ပိုက်ကျော်ခြင်းအားကစားနည်းကို ပိုမိုစိတ်ဝင်စားလာပြီး စိတ်ဓါတ်စည်းကမ်းပြည့်ဝသော အားကစားသမားကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော အမျိုးသားအလွတ်တန်းပိုက်‌ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက် အများပြည်သူအပန်းဖြေနေရာများတွင် ပြည်သူများလွတ်လပ်ပျော်ရွှင်စွာဖြင့် စည်ကားနေမှုအား လိုက်လံကြည့်ရှုအားပေး

ကချင်ပြည်နယ်အတွင်းရှိ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလေ စသည့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ်မြောက် ရှမ်းမျိုးနွယ်စုများ ဖိတ်ခေါ်ဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ နောင်ရာဖူဆယ်ကလပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် Light For All Nations Ministry မှ ဖွင့်လှစ်သော Arise New Generations October Children Camp သင်တန်းဆင်းပွဲနှင့် မြစ်ကြီးနားကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွက် အဆင့်မြှင့်လူနာတင်ကုတင် (၁၆)စုံ လှူဒါန်းပွဲသို့ တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်အတွင်းရှိ Light For All Nations Ministry မှ ဖွင့်လှစ်သော “Arise New Generations” October Children Camp သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့ အဘိဓမ္မာအခါတော်နေ့ (သီတင်းကျွတ်လပြည်နေ့) ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒိသာများ ဧည့်ခံကျွေးမွေးခြင်း ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ မြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးများတွင် ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒိသာများ ဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်၊ ကချင်ပြည်နယ် (ဌာနချုပ်ရုံး)သစ်ဖွင့်ပွဲသို့ တက်ရောက်အားပေး၊ သီတင်းကျွတ်လပြည့်နေ့အကြိုနေ့တွင် ပြည်သူ့ရင်ပြင်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားများပြားနေမှုအား ကြည့်ရှုအားပေး

ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ် (JHG) ဌာနချုပ်ရုံး အဆောက်အဦသစ်ဖွင့်ပွဲကို အောက်တိုဘာ ၁၇ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ အဆိုပါ အဆောက်အဦသစ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်အားပေးချီးမြှင့်ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်‌ရေး စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)နှင့် ဗလမင်းထင်ဧက ၁၀၀ မိုးစပါးစံပြစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းသီးထပ်စွမ်းအားတိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား) ကျောင်းဝင်းနှင့် ဗလမင်းထင်ဧက ၁၀၀ စံပြ မိုးစပါးစိုက်ခင်းအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြည်စေရေး ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ကမ်းပါးထိန်းနှစ်ရှည်ပင်များအား ပြုစုပျိုးထောင်ပေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး၍ စိမ်းလန်းစိုပြည်လာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၍ ကောင်းမွန်သော လူမှုပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ညနေ (၃)နာရီက ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်‌ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပံ့ပိုးကူညီမှု ဖြင့်တိုးချဲ့ဆောင်ရွက်သည့် ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမတည်ပေးထားသည့် ငွေကျပ် ၈ ဘီလီယံကို စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး မတည်ရင်းနှီးပံ့ပိုးပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တောင်သူ ဦးအောင်ဆွေ၏ ရာဘာခြံသို့ သွား‌‌ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်