ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်၊ Cyclone Shelter များ တည်ဆောက်နိုင်ရေး မြေနေရာများအား ကွင်းဆင်းစစ်ဆေး
နှစ်စဉ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြု လုပ်ခဲ့ကြပြီး အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။