Skip to main content

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ ၃၀

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry -ICOE) ၏ အစီရင်ခံစာပါ အကြံပြုချက် များအား အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့်ကိစ္စ၊ ကမ္ဘာ့နိုင်ငံ အားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) နှင့်စပ်လျဉ်း၍ တတိယအကြိမ် အစီရင်ခံစာ တင်သွင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြထားရှိမှု အခြေအနေနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပြီးနောက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)