Skip to main content
Apr 21, 2026
ဆောင်းပါး
တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာ အစားထိုးသုံးစွဲမှုနည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် ဇီဝ မြေဩဇာများ အသုံးပြုခြင်းအကြောင်းကို ရေးသားဆွေးနွေးလိုပါသည်။
Apr 20, 2026
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ့စီးပွားရေး၏ အခြေခံအုတ်မြစ်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး လယ်ယာစီးပွားစနစ် ရေရှည်တည်တံ့စေရေး ဦးစီးပဲ့ကိုင်သူများမှာ တောင်သူလယ်သမားများပင်ဖြစ်သည်။ နွေအပူရှိန်၊ မိုးရွာသွန်းမှု၊ လေပြင်းမုန်တိုင်းကို ဂရုမမူဘဲ လယ်ယာမြေများတွင် နဖူးကချွေးမြေခသည့်တိုင် စပါး၊ ပဲ၊ နှမ်း၊ ဝါ၊ ကြံ အစရှိသောကောက်ပဲသီးနှံများကို စိုက်ပျိုးထုတ်လုပ်ပေးကြသည်။ သူတို့၏လက်ရုံးရည်နှင့် နှလုံးရည်ကြောင့်သာ နိုင်ငံသူ နိုင်ငံသားအားလုံး၏ နေ့စဉ်အာဟာရ ဝမ်းစာဖြည့်နိုင်ခဲ့ကြသည်။
Apr 19, 2026
ဆောင်းပါး
ယနေ့ခေတ် ကမ္ဘာ့နိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတည်ထောင်ခြင်းကို မြှင့်တင်ဆောင်ရွက်နေသည်။ MSME လုပ်ငန်းများသည်ကမ္ဘာ့စီးပွားရေး၏ မောင်းနှင်အားများအဖြစ်တည်ရှိနေပြီး စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးကိုလည်း အကူအညီပေးနေကြောင်း တွေ့ရှိရသည်။ MSME လုပ်ငန်းများသည် ကမ္ဘာပေါ်ရှိ လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ ကမ္ဘာပေါ်ရှိ အလုပ်အကိုင်နေရာ ၅၀ ရာခိုင်နှုန်းကိုလည်းကောင်း ကိုယ်စားပြုနေကြောင်း တွေ့ရှိရသည်။
Apr 19, 2026
ဆောင်းပါး
EV ဘက်ထရီသည် ဘက်ထရီဆဲလ်ရာဂဏန်း (သို့မဟုတ်) ထောင်ဂဏန်းပေါင်းများစွာကို အစဉ်လိုက် အပြိုင်ချိတ်ဆက်ထားခြင်းဖြစ်ပါသည်။ ဘက်ထရီဆဲလ်များကို တိကျစွာ ဂရုတစိုက်ထုတ်လုပ်ထားသော်လည်း မည်သည့်ဆဲလ်နှစ်လုံးမဆို စွမ်းဆောင်ရည်၊ အတွင်းခုခံအားနှင့် မိမိဘာသာအားကုန်ဆုံးနှုန်းတို့ အတိအကျတူညီခြင်းမရှိပါ။ ဘက်ထရီဆဲလ်များရှိ ဗို့အားများ ဟန်ချက်ညီမျှတမှု (Cell Balancing)မရှိသော ဘက်ထရီသည် အလွန်အကျွံအားသွင်းခြင်းနှင့် အားကုန်ခြင်း ဖြစ်နိုင်ခြေပိုများ၏။ ဗို့အားပိုများသည့် ဆဲလ်များမှ ဗို့အားထုတ်သုံးနေစဉ် ဗို့အားနည်းသော ဆဲလ်တစ်ခုသည် ဗို့အားကုန်သွားပါက ဆက်လက်ထုတ်စရာ ဗို့အားမရှိတော့ဘဲ ရေရှည်တွင် ပျက်စီးမှုများဖြစ်ပေါ်‌စေနိုင်၏။ ဆန့်ကျင်ဘက်အရ အားသွင်းချိန်တွင် ဗို့အားပိုများသောဆဲလ်များကို သတ်မှတ်ဗို့အားသို့ အရင်ရောက်ရှိချိန်၌ ဗို့အားနည်းသောဆဲလ်များကို ဆက်လက်အားသွင်းလျှင် သတ်မှတ်ဗို့အားရှိပြီး ဆဲလ်များကို ဆက်လက်အားသွင်းမိပြီး လွန်ကဲစွာအားသွင်းမိနိုင်၏။ ဤအခြေအနေနှစ်မျိုးလုံးသည် ဘက်ထရီယိုယွင်းပျက်စီးမှုကို မြင့်တက်စေနိုင်၏။
Apr 19, 2026
ဆောင်းပါး
ကမ္ဘာ့သမိုင်းစဉ်တစ်လျှောက် နိုင်ငံတစ်နိုင်ငံ၏အင်အားကို တိုင်းတာရာတွင် ထိုနိုင်ငံရှိ လူသားအရင်းအမြစ်များ၏ အသိဉာဏ်ပညာမြင့်မားမှုကို အဓိကထား စံနှုန်းသတ်မှတ်ခဲ့ကြပါသည်။ လူငယ်ဟူသည် နိုင်ငံတော်၏အနာဂတ်ဗိသုကာများဖြစ်ကြသည့်အလျောက် ၎င်းတို့၏စဉ်းစားတွေးခေါ်မှု မှန်ကန်ရန်မှာ အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။
Apr 18, 2026
ဘိန်းကိုဘိန်းပင်၏ အသီးမှခြစ်ယူရရှိပြီး ဘီစီ ၅၀၀၀ ခန့်က မြေထဲပင်လယ်ဒေသတွင် အစားအစာ၊ ဆေးဝါးနှင့်အခမ်းအနားများတွင်အသုံးပြုခဲ့ကြောင်း ရှေးဟောင်းဂရိစာပေမှတ်တမ်းများအရတွေ့ရှိရပါသည်။ ဘီစီ ၃၄၀၀ ခန့်က အရှေ့အလယ်ပိုင်းရှိ ယူဖရေးတီးနှင့် တီဂရစ်မြစ်အကြား မက်ဆိုပိုတေးမီးယားဒေသ ယခုခေတ် (အီရန်-အီရတ်-ဆီးရီးယား) ရှိ ဆူမေးရီးယန်းလူမျိုး (Sumerians) များက ဘိန်းပင် (Poppy) ကို အစောဆုံး စိုက်ပျိုးခဲ့ပြီး ဆူမေးရီးယန်းများက ပျော်ရွှင်မှုအပင် (Hul-gai) ဟုခေါ်ဆိုကြပါသည်။ “ဘိန်း” ဆိုသည့်ဝေါဟာရမှာ မြန်မာမူရင်းစကားလုံးမဟုတ်ပါ။ ဘိန်းကို ဥရောပအလယ်ပိုင်းနှင့် အာရှမိုင်းနားဒေသတွင် “အိဖွန်” ဟုခေါ်ဆို၍ ပါဠိဘာသာဖြင့် “အိဟိဖန” (Ahiphena)၊ သက္ကတ-သင်္သကရိုက် (Sanskrit) ဘာသာဖြင့် “အဖေန”၊ အိန္ဒိယဘာသာစကားဖြင့် “အဖိန်း” ဟု ခေါ်ဆိုရာမှ မွန်-မြန်မာဘာသာဖြင့် “ဘိန်း” ဟုခေါ်ဆိုခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
Apr 18, 2026
ဆောင်းပါး
ဘက်ထရီကိုအားသွင်းရန် ပြင်ဆင်ချိန်၌ကားရှိ ပါဝါခလုတ်ကို ပိတ်ထားရပါမည်။ အားသွင်းမှုစတင်ပြီးလျှင် ကားရှိပါဝါခလုတ်ကို ပြန်ဖွင့်နိုင်ပြီး ရေဒီယို၊ လေပူ၊ လေအေးစနစ်တို့ကိုသုံးနိုင်၏။ အားသွင်းချိန်တွင် စတီယာရင်နှင့် ရွေ့လျားမှုအစိတ်အပိုင်းများကို အသုံးမပြုနိုင်အောင် ထိန်းချုပ်ထား၏။ အကြောင်းရင်းမှာ ဘက်ထရီကို ဗို့အားမြင့်နှုန်းဖြင့် အားသွင်းစဉ်လှုပ်ရှားမှုပြုလုပ်လျှင် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပါ၏။ သို့ဖြစ်ရာ အားသွင်းချိန်တွင် EV ကို ရပ်ထားရပါမည်။
Apr 18, 2026
မျက်နှာစာတစ်ခုမှ မျက်နှာစာအသစ်တစ်ခုသို့ ကူးပြောင်းသည်ဟုဆိုသည်။ အဟောင်းမှအသစ်သို့ပြောင်းလဲခြင်း၊ အသစ်မှအသစ်သို့ပြုပြင်ပုံသွင်းခြင်း… မည်သို့ဆိုဆို မျက်နှာစာအသစ်တစ်ခု ဖွင့်တိုင်းဖွင့်တိုင်း၊ အမည်သစ်တစ်ခု တပ်တိုင်းတပ်တိုင်းမှာ မလွဲမသွေလိုက်ပါရသည်က အတွေးအမြင်သစ်များပါ လိုက်ပါပြောင်းလဲနေရန်ပင်။ သို့မှသာ အပြောင်းအလဲကအဓိပ္ပာယ်ရှိမည်။ ပြောင်းလဲလိုသောအရာရာသည် စစ်မှန်သော အသစ်အသစ်များဖြစ်လာပေမည်၊ တိုးတက်လာမည်၊ ဖွံ့ဖြိုးလာမည်..ဟူ၍။ သို့ဆိုလျှင် မျက်နှာစာအသစ်ဖြစ်ရန် မည်သည့်အချက်တွေမှာ မည်သို့လိုက်ပါပြောင်းလဲရမလဲ.....။
Apr 17, 2026
ဆောင်းပါး
ယနေ့ ကမ္ဘာ့မြို့ကြီးများကို Cyber City ၊ Smart City နှင့် AI City များအဖြစ် နည်းပညာအဆင့်မြှင့်တင်တည်ထောင်လာမှုများ၊ ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို လျှော့ချတိုက်ဖျက်နိုင်ရေး၊ ၂၀၅၀ ပြည့်နှစ် ကာဗွန်ကင်းစင်ရေး၊ ကမ္ဘာ့ပန်းတိုင်အရ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍတို့၌ ရုပ်ကြွင်းလောင်စာများအား မဟာဗျူဟာမြောက်လျှော့ချသုံးစွဲလာမှုများ၊ တစ်ဖန်ကမ္ဘာ့စွမ်းအင် အကျပ်အတည်းနှင့် နှစ်သက်တမ်းကန့်သတ်ချက်ရှိသော ရုပ်ကြွင်းလောင်စာများ လျော့နည်းရှားပါးလာမှုတို့ကြောင့် အစိမ်းရောင်စွမ်းအင်သုံး လျှပ်စစ်ကား (EV) သုံးစွဲမှုများ သိသာစွာရေပန်းစားလာပါ၏။ ကမ္ဘာ့ EV နည်းပညာဖွံ့ဖြိုးမှုအရွေ့များ အံ့မခန်းမြန်ဆန်လာကာ ဈေးကွက်ယှဉ်ပြိုင်မှုစစ်ပွဲများပြင်းထန်လာပြီး EV ရောင်းချရမှု ရာခိုင်နှုန်းများ သိသာစွာမြင့်တက်လာပါသည်။
Apr 16, 2026
ဆောင်းပါး
နိုင်ငံတော်အစိုးရအဆက်ဆက်က ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ စရိတ်သက်သာစွာနှင့် အဆင်ပြေစေရန်အတွက် နိုင်ငံအနှံ့ရထားလမ်းများ ဖောက်လုပ်ကာ ခေတ်မီရထား စက်ခေါင်းများ၊ လူစီးတွဲများ၊ ကုန်တွဲများဖြင့် ပြေးဆွဲပေးလျက်ရှိပါသည်။ ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့က Irrawaddy State Railway အနေဖြင့် ရန်ကုန်-ပြည် ၁၆၁ မိုင်ကို AO 1 ရေနွေးငွေ့ စက်ခေါင်းဖြင့် စတင်ပြေးဆွဲပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးရထားလမ်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာ့မီးရထား (MR - မမ) သည် အရှေ့တောင်အာရှ၌ အစောဆုံးစတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။