စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး (စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အထောက်အကူပြုအဖွဲ့ အဖွဲ့ခေါင်းဆောင်)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် (စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း အညွှန်းကိန်းနှင့် အနည်းစုရင်းနှီးမြှုပ်နှံ သူများအား အကာအကွယ်ပေးခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ခေါင်းဆောင်)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး (ဆောက်လုပ်ခွင့်ရယူခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ ခေါင်းဆောင်)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် (ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်) တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
အစီအစဉ်မှူး ။ ။ အခု ဒုတိယပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းတွေမှာ တိုးတက်တဲ့ကဏ္ဍတွေ ရှိသလို မတိုးတက်သေးတဲ့ ကဏ္ဍတွေ ရှိတယ်လို့လည်း သိရပါတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ရှင်းပြ ပေးပါဦးခင်ဗျာ။
ဦးအောင်ထူး ။ ။ အညွှန်းကိန်းကို တွက် ရာမှာ အဓိကအားဖြင့် အညွှန်းကိန်း ၁ဝ ခု ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က တိုးတက်ခဲ့တာ အညွှန်းကိန်း ငါးခုမှာ တိုးတက်ခဲ့တာ ဖြစ်ပါ တယ်။ ကျန်တဲ့အညွှန်းကိန်း ၅ ခုမှာ သိပ်သိ သာတဲ့ တိုးတက်မှုကို မရပါဘူး။ တချို့က အပြောင်းအလဲမရှိဘဲ တန့်နေပါတယ်။ ဒီလို အညွှန်းကိန်းအချို့မှာ ပြောင်းလဲမှုမရှိရတဲ့ အကြောင်းအရင်းတွေမှာ အခက်အခဲ တစ်ချက်က အညွှန်းကိန်းတွေနဲ့ ပတ်သက် တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ပြဋ္ဌာန်းပြီးမှု မရှိခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ငွေကြေးအကျပ်အတည်း ဖြစ်တယ်။ ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ဥပဒေ ကျွန်တော်တို့ဆီမှာ မရှိသေးပါဘူး။ ဒါကြောင့် ဒီဟာကို ဖြေရှင်းပေးနိုင်ဖို့အတွက် Insolvency Law ကို လွှတ်တော်မှာ တင်ပြ ထားပြီး ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ Insolvency Law နဲ့ပတ်သက်လို့ ပြဋ္ဌာန်း နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အမှတ်က တက်လာမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ချေးငွေရရှိနိုင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ လိုနေတဲ့ အချက်တစ်ခုက Secured Transactions Law လို့ခေါ်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း တွေကို အပေါင်ထားပြီး ချေးငှားတဲ့ဥပဒေ ကို ကျွန်တော်တို့ အခုမှစပြီး ပြုစုနေပါ တယ်။ ဒီဥပဒေရယ်၊ Credit Bureau လို့ ခေါ်တဲ့ ချေးငွေရုံး၊ ချေးငွေမှတ်တမ်းရုံး ဒါတွေသာ ပြီးသွားမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ အမှတ်က တက်လာမှာ ဖြစ်ပါ တယ်။ အချို့အပိုင်းတွေမှာ ဥပဒေကြောင်း အရ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပဒေ ကြောင်းအရ ဆောင်ရွက်မှုတွေမှာ အချိန် ယူရတဲ့အတွက် တချို့သောအညွှန်းကိန်း တွေမှာ တိုးတက်နိုင်မှုမရှိသေးတာကို တွေ့ရပါတယ်။
အစီအစဉ်မှူး ။ ။ အနည်းစုအစု ရင်းနှီး မြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြု အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ Doing Business အဆင့်နဲ့ ရမှတ်တွေ တိုးတက် အောင် ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိလဲဆိုတာ ရှင်းပြပေးပါဦး။
ဦးသန့်စင်လွင် ။ ။ Protecting Minority Investor အနည်းစုအစု ရင်းနှီးမြှုပ်နှံသူများ အား အကာအကွယ်ပေးခြင်း အညွှန်းကိန်းမှာ ၉ ဆင့် တက်လာတာရှိပါတယ်။ အဲဒီအဆင့် သတ်မှတ်ချက်တွေထဲမှာ လုပ်ငန်းအဆင့်ကို ကြည့်ရင် ၈ ဆင့် ရှိပါတယ်။ လုပ်ငန်းအဆင့် ၈ ဆင့်မှာ အပေါ်က ၅ ဆင့် က မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေမှာပါတဲ့ အကျုံးဝင်တဲ့ အချက်တွေအရ လိုက်လျောညီထွေရှိတဲ့ အတိုင်းအတာတစ်ခုကို ရောက်သွားပါပြီ။ အဲဒီအထဲမှာ လိုက်လျောညီ ထွေမရှိသေးတာ က အများပြည်သူ ယုံကြည်မှုဆိုင်ရာနဲ့ ပတ်သက်တာ ဖြစ်ပါတယ်။
ဒါကဘာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံ မှာ ကုမ္ပဏီတွေ ၇ သောင်းကျော် ရှိပါတယ်။ အဲဒီအထဲမှာ အများပြည်သူနဲ့ဆိုင်တဲ့၊ အများ ပြည်သူပိုင်ဆိုင်တဲ့ Public Company ၁၀၀ ကျော် ရှိပါတယ်။ နိုင်ငံတကာမှာ Public Company တွေဟာ နိုင်ငံတကာရဲ့ Stock Exchange မှာဝင်ပြီး အာမခံမှုရှိအောင် ဆောင်ရွက်ဖို့အတွက် စာရင်းဝင်ဖြစ်ဖို့ လိုပါတယ်။
Public Company က စာရင်းဝင် ဖြစ်လာပြီဆိုရင် ဒါက ယုံကြည်မှုရှိလို့ပဲလို့ ယူဆရမှာ ဖြစ်ပါတယ်။ ဘာကြောင့် Listed Company မဖြစ်သလဲ၊ ဘာကြောင့် Public Company မဖြစ်သလဲဆိုရင် Cooperate Governance ဆိုတဲ့ ကော်ပိုရေးရှင်းစီမံခန့်ခွဲ အုပ်ချုပ်မှုအပိုင်းမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေက မသိရှိသေးလို့ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Cooperate Governance ကို စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ ကော်ပိုရေးရှင်း စီမံခန့်ခွဲအုပ်ချုပ်မှုတွေကို သိရှိအောင် ကျွန်တော်တို့က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒါကို SECM ဆိုတဲ့ Stock Exchange Authority အဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်နဲ့ နိုင်ငံတကာကျွမ်းကျင် ပညာရှင်တွေ ပူးပေါင်းပြီး Cooperate Governance Code ကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကော်ပိုရိတ်စီမံခန့်ခွဲမှု နည်းလမ်းကို သိလာပြီး လုပ်ဆောင်နိုင်လာ ပြီဆိုရင် Public Company တွေ ပိုပြီး ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
ဒီလိုပိုပြီး ပေါ်ပေါက်လာပြီဆိုရင် Listed ထဲကို ဝင်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကုမ္ပဏီ ၇ သောင်းကျော်ထဲမှာ Listed Company ၅ ခု ရှိပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ သုံးသပ်ချက်အရ Listed Company ၁၀ ဖြစ်မှစပြီး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အစိုးရနဲ့ ပုဂ္ဂလိက တိတိကျကျ ပူးပေါင်း ဆောင်ရွက်မှာသာ တိုးတက်မှာ ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
အနည်းစုအစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း အညွှန်းကိန်းမှာ Public က Listed ဖြစ်အောင် အများစုရဲ့ ယုံကြည်မှုရှိအောင် စောင့်ရမှာဖြစ်တဲ့အတွက် အချိန်တော့ အနည်းငယ်ယူရမှာ ဖြစ်ပါတယ်။ ဒီဟာသာရရှိလာပြီဆိုရင် ကျွန်တော်တို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကုမ္ပဏီဥပဒေနဲ့ ဩစတြေးလျ Cooperate Act နဲ့က တစ်ပုံစံတည်းပါ။ တော်တော်များများမှာ တူညီပါတယ်။
ဒါပေမယ့် ဩစတြေးလျ Cooperate Act ကို သူတို့က အမှတ်အများကြီး ပေးထား ပြီး ကျွန်တော်တို့ မြန်မာကုမ္ပဏီဥပဒေကို အမှတ်နည်းနည်းပဲပေးတာ ဘာကြောင့်လဲ ဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဆိုလိုတာက ဩစတြေးလျ၊ စင်ကာပူနဲ့ နယူးဇီလန်တို့လို နိုင်ငံမျိုးက စနစ်ကျပြီးသား လမ်းကြောင်းပေါ်မှာ သူတို့ဥပဒေက ရပ်တည် နေတာဖြစ်နေတဲ့အတွက် တစ်ခုလုပ်လိုက်ရင် ကျန်တာတွေအားလုံး ဆက်စပ်ပြီး စနစ်ကျ သွားတယ်လို့ ကျွန်တော်တို့က တွက်ချက်လို့ ရပါတယ်။
ကျွန်တော်တို့က အများသိကြတဲ့ အတိုင်း ဌာနတွေ၊ တာဝန်ယူရတဲ့ အဖွဲ့အစည်း တွေ၊ ပုဂ္ဂလိကကဏ္ဍတွေ ဒါတွေကို ချိတ်ဆက် ဖို့ အချို့နေရာလေးတွေမှာ အလှမ်းဝေးနေ တာ ရှိပါတယ်။ ဒါကြောင့်လို့ ကျွန်တော်တို့က သိရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဒေါ်ခိုင်ခိုင်နွယ် ပြောသွားသလို ကျွန်တော်တို့ လုပ်ဆောင်တာကို သိအောင်ပြောပြဖို့ လိုပါ တယ်။ ဒီလိုပြောပြဖို့အတွက်လည်း ကမ္ဘာ့ ဘဏ်ရဲ့ Ease of Doing Business ကို စောင့်ကြည့်နေတဲ့ အဖွဲ့ကို ဆက်သွယ်ရပါ တယ်။ ကျွန်တော်တို့ လုပ်ဆောင်နေတာကို ရှင်းပြရပါတယ်။ ဒီဟာတွေကို ပူးပေါင်းပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် အနည်းစုအစု ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေး ခြင်း အညွှန်းကိန်းအမှတ်က တက်လာမယ် လို့ မျှော်လင့်ရပါတယ်။
အစီအစဉ်မှူး ။ ။ ဆောက်လုပ်ခွင့်ရယူခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ အဆင့်နဲ့ ရမှတ်တွေ တိုးတက်အောင် ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိတယ်ဆိုတာ ကို ရှင်းပြပေးပါဦး။
ဒေါ်လှိုင်မော်ဦး ။ ။ ကျွန်မတို့အနေနဲ့ ကာလ တို၊ ကာလလတ်နဲ့ ကာလရှည် ဆောင်ရွက် ရမယ့် လမ်းကြောင်းကို အစောကြီးကတည်းက ချထားပြီးဖြစ်ပါတယ်။ အဲဒီလို ချထားတဲ့ အခြေအနေ အရလည်း အဆောက်အဦ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်တွေကို ချတဲ့အချိန် မှာ ထိခိုက်နိုင်တဲ့ အခြေအနေနဲ့ ဘေးဖြစ် နိုင်တဲ့အခြေအနေအပေါ် မူတည်ပြီး ထိခိုက် ဖွယ်ရာ သိပ်ပြီးအန္တရာယ် မရှိဘူးဆိုတဲ့ ကိစ္စမျိုး၊ အလယ်အလတ်လူနဲ့ ပစ္စည်းဥစ္စာကို သိပ်ပြီးမထိခိုက်တဲ့ကိစ္စမျိုး၊ ဒါမှမဟုတ် အချို့ အဆောက်အဦတွေကျတော့ အများကြီးကို ထိခိုက်နိုင်တဲ့ အဆောက်အဦတွေ အဲဒီလို Low Risk, Medium Risk နဲ့ High Risk ဆိုပြီး အဆောက်အဦတွေကိုခွဲပြီး အဲဒီ အခြေအနေအပေါ်မူတည်ပြီး ခွင့်ပြုမိန့်တွေ ကိုပေးတဲ့ စနစ်တွေကို ကျွန်မတို့က ဆောင်ရွက် နေပါတယ်။
နိုင်ငံတကာမှာ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကိုလည်း ကျွန်မတို့ကြည့်ပါတယ်။ Risk ပေါ်မှာ မူတည်ပြီး Low Risk ဆိုရင် လွယ်လွယ်ကူကူပေးပါတယ်။ Medium Risk က အသင့်အတင့်ကြည့်ပါတယ်။ High Risk ဆိုရင် အများကြီး စိစစ်ပေးတာ ရှိပါ တယ်။
ဒီလိုအခြေအနေမျိုးကို အခြေခံတဲ့စနစ် ကို စတင်ဆောင်ရွက်နေပါတယ်။ ဒါကို ဆောင်ရွက်တဲ့အပြင် အဆင့်တွေ၊ အချိန် ကာလတွေကို လျှော့ချနိုင်ဖို့ Online Submitting Automation System ကို လည်း ကျွန်မတို့ ဆောင်ရွက်နေတာ ရှိပါ တယ်။ Automation System ကို ဆောင်ရွက်ရာမှာ ကျွန်မတို့အနေနဲ့ ၂၀၁၈ ခုနှစ် မေလ ၇ ရက်နေ့ကတည်းက ကမ္ဘာ့ဘဏ် (IFC)နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ Advisory Agreement ထိုးခဲ့ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
ကျွန်မတို့ရဲ့လက်ရှိရှိနေတဲ့ Procedure တွေထဲမှာ လျှော့ချရမယ့် Procedure တွေ၊ အဆင့်တွေကို လျှော့ချပါတယ်။ အဲဒီ အပေါ်မှာ အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းကို အွန်လိုင်းဖြစ်ဖို့ ဆောင် ရွက်နေတာ ရှိပါတယ်။ ခုနတုန်းက ညွှန်ကြားရေးမှူးချုပ် ပြောသွားသလိုပါပဲ ကျွန်မတို့က ရှိနေတဲ့ နည်းပညာကိုလည်း အကူအညီယူရပါတယ်။ ကျွန်မ ပထမပိုင်းမှာ ပြောခဲ့သလိုပါပဲ အမှတ်ပေးရာမှာ လုပ်ကိုင်တဲ့ အဆင့်တွေ၊ အချိန်ကာလတွေ၊ ငွေကြေး ကုန်ကျစရိတ်တွေ၊ အရည်အသွေးနဲ့ ပတ်သက် ပြီး ဘယ်လောက်အထိ အာမခံချက်ပေးနိုင် သလဲဆိုတဲ့ အပိုင်းတွေပါတော့ အဆင့်အနေနဲ့ အွန်လိုင်းဆောင်ရွက်ခြင်းအားဖြင့် အဆင့်တွေ လျှော့ချမယ်။
အွန်လိုင်းဆောင်ရွက်ခြင်းအားဖြင့် အချိန် တွေကို လျှော့ချမယ်ဆိုရင် ဒါက အခြားကမ္ဘာ့ နိုင်ငံတွေနဲ့ စီးပွားရေးဝန်းကျင်ကောင်းရှိတဲ့ နိုင်ငံတွေနဲ့ တန်းတူရည်တူ ရင်ပေါင်တန်းနိုင်တဲ့ အခြေအနေကို ရောက်မှာဖြစ်တဲ့အတွက် အဲဒီစနစ်ကိုလည်း စတင်ဆောင်ရွက်နေ ပါတယ်။ Pilot Test Run ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ စတင်ဆောင်ရွက်ခဲ့ ပါတယ်။
အဲဒီလို ဆောင်ရွက်ရာမှာ Commu-nication အပိုင်းတွေ အများကြီးပါဝင် ပါတယ်။ ကျွန်မတို့ချည်းပဲ ဆောင်ရွက်လို့ မရပါဘူး။ ကမ္ဘာ့ဘဏ်က ကူညီနေသလို ဆက်စပ်နေတဲ့ ပညာရှင်တွေ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီတို့နဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ကျွန်မတို့အနေနဲ့ သင်တန်းကို ၇ ကြိမ် ပေးခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာ နိုင်ငံ ဗိသုကာကောင်စီက မှတ်ပုံတင်ပေးတဲ့ အင်ဂျင်နီယာဗိသုကာပေါင်း ၁၂၅၉ ယောက် ကို ဒီ ၇ ကြိမ်မှာ ကျွန်မတို့ သင်တန်းပေး နိုင်ခဲ့ပါတယ်။
သင်တန်းအပေါ် မူတည်ပြီးရှိနေတဲ့ အွန်လိုင်းစနစ်က တကယ်လွယ်ကူအောင် ဆောင်ရွက်နိုင် သလား၊ မဆောင်ရွက်နိုင် ဘူးလားဆိုတာ၊ ဘယ်လိုအခက်အခဲ ရှိသလဲဆိုတာ အပြည့်အဝ အသုံးမချသေး ခင်မှာ သင်တန်းပေးထားတဲ့ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်တွေနဲ့ အခု ပူးပေါင်း ဆောင်ရွက်ရာမှာ အခုဆိုရင် ဇန်နဝါရီလ ၁၃ ရက်နေ့အထိ Case ပေါင်း ၂၃၁ ခု ကျွန်မတို့ အွန်လိုင်းမှာ တင်လာတာရှိပါတယ်။
အဲဒီမှာရှိနေတဲ့ အခက်အခဲ၊ သူတို့ ဘက်က အခက်အခဲတွေကို ကျွန်မတို့ဘက် က ဖြေရှင်းရတဲ့ အနေအထားတွေကို လည်း ဆက်လက်ပြီး ညှိနှိုင်းဆောင်ရွက် နေပါတယ်။ အဲဒီမှာ ကျွန်မတို့ ဘာသွား တွေ့သလဲဆိုတော့ အရင်တုန်းက Constru-ction Permit ရဖို့ ဖြတ်ညှပ်ကပ်နဲ့ လက်မှတ်ထိုးရုံလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ အခုလို တကယ်တိတိကျကျ ပြန်ပြီးဆောင်ရွက်ရတဲ့အခါ သူတို့ဘက်မှာ အခက်အခဲနည်းနည်း ရှိတာလေးတွေ ရှိပါ တယ်။
ကျွန်မတို့အတွက် ဒါက စိန်ခေါ်မှု ဖြစ်လာပါတယ်။ ဆိုလိုချင်တာက တင်တဲ့ အချိန်မှာ ကျွန်မတို့ ဘယ်လောက်ပဲ Train-ing ပေးပေး သူတို့အနေနဲ့က တစ်ခါတလေ ကျရင် မရှင်းလင်းတာတွေကို ကျွန်မ တို့က ပူးပေါင်းဆောင်ရွက်ပေးရပါတယ်။ Training ပေးပြီး Case တင်လာတဲ့ အင်ဂျင် နီယာတွေ၊ ဗိသုကာပညာရှင်တွေထဲက အခက်အခဲရှိတဲ့သူတွေကို ကျွန်မတို့က သီးခြားပြန်ခေါ်ပြီး သူတို့ရဲ့ အခက်အခဲ တွေ၊ စိန်ခေါ်မှုတွေကို ဝိုင်းပြီးဖြေရှင်းပေး ပါတယ်။ အဲဒီလိုဖြေရှင်းတာလည်း နှစ်ကြိမ် ရှိပါပြီ။ မနေ့ကဆိုရင်လည်း လူ ၆၀ လောက် ကို ခေါ်ပြီး သူတို့ရဲ့ Case တွေကို ဘယ်လို အခက်အခဲရှိတယ်၊ ဒီလိုလုပ်ရတယ်ဆိုတာ ကို ပူးပေါင်းဆောင်ရွက်ပေးနေတာ ရှိပါ တယ်။ ဒါကတစ်ပိုင်းပါ။
ဒုတိယတစ်ပိုင်းက ကျွန်မတို့က ဒီအွန်လိုင်းစနစ်နဲ့ ပတ်သက်ပြီး ကာလတိုမှာ ဒီနှစ်ထဲမှာ Full Launch လုပ်နိုင်ဖို့ တွန်းအားပေးနေတာ တစ်ခုရှိပါတယ်။ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ ခုနပြောတဲ့ စိန်ခေါ်မှုလေးတစ်ခု ရှိပါတယ်။ ပညာရှင်တွေဘက်က ဘယ်လောက် အထိ ပူးပေါင်းဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ တစ်ပိုင်းရှိပါတယ်။
နောက်တစ်ပိုင်းက ဒုတိယဝန်ကြီး ပြောသွားသလိုပါပဲ၊ Communication ပိုင်း ပါ။ ကျွန်မတို့ဆီကို Case တွေ ဘယ်လောက် တက်လာမလဲ လျှောက်ထားမှုက ဘယ်လောက် အထိရှိတယ်။ အဲဒီအထဲက ခွင့်ပြုမိန့်ကျတာ ဘယ်လောက်ရှိတယ်။ အဲဒီအထဲမှာ ဘယ် Case တွေက ဘာကြောင့် မို့ မကျတာလဲ ဒါတွေကို ကျွန်မတို့ ပြန်တောင်းထားပါတယ်။ ဘယ် Case တွေကို ပိတ်သိမ်းပါတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ကို ကျွန်မတို့ အွန်လိုင်းတင်ပေးပါတယ်။
အွန်လိုင်းတင်တာက ကျွန်မတို့ရဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ YCDC ဝက်ဘ်ဆိုက်မှာ တင်သလို ဆက်စပ်နေတဲ့ အဖွဲ့အစည်း တွေဖြစ်တဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဒါ့အပြင် ဒုတိယဝန်ကြီး ပြောသွားသလို Doing Business ဝက်ဘ်ဆိုက်နဲ့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကိုရော ကျွန်မတို့ ပို့ပေးပြီး Update လုပ်ပေးပါတယ်။ ကျွန်မတို့ဆီက နှစ်ပတ်တစ်ကြိမ် ခွင့်ပြုမိန့်ထုတ်ပေးနေ တာကို Communicate လုပ်ပေးနေပါတယ်။ တစ်နည်းအားဖြင့် ဆိုလိုချင်တာက ခွင့်ပြုမိန့်မထွက်ဘူး ဆိုရင်လည်း ဘာကြောင့် မထွက်ဘူးဆိုတဲ့ အကြောင်းအရာတွေကိုပါ တင်ပေးပါတယ်။
နောက်ပြီး တစ်ခုတွေ့တာက ဘယ်လောက် ကျွန်မတို့က အမှတ်ကောင်း အောင်လုပ်လုပ် အမှတ်တက်သွားတိုင်းမှာ အဆင့်မတက်တာလည်း တွေ့ရပါတယ်။ သူတို့က ကြိုးစားနေကြတာ ဖြစ်တော့ သူတို့ ဘာလုပ်နေလဲ၊ ဘယ်လိုနည်းပညာတွေ အသုံးပြုနေလဲဆိုတာတွေကိုလည်း ကျွန်မ တို့ လေ့လာပြီး ပူးပေါင်းဆောင်ရွက်နေ ပါတယ်။
အစီအစဉ်မှူး ။ ။ ရေရှည်မှာ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီအနေ နဲ့ အခုဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဖြေရှင်းသွားဖို့ အစီအမံ တွေ ရှိလားဆိုတာ သိချင်ပါတယ်။
ဒေါ်လှိုင်မော်ဦး ။ ။ ခုန ကျွန်မပြောသလို ပါပဲ နှစ်ပိုင်းရှိပါတယ်။ ကျွန်မတို့က အွန်လိုင်း စနစ်ကို ကမ္ဘာ့ဘဏ်နဲ့ ဆောင်ရွက်နေတော့ ပြည့်စုံအောင်မတင်တဲ့ Case တွေကို ကျွန်မ တို့က တကယ်က လက်မခံချင်ပါဘူး။ အွန်လိုင်းစနစ်မှာကတည်းက ဖြတ်ချတဲ့ စနစ်ကို ကျွန်မတို့က လုပ်ချင်ပါတယ်။ ကျွန်မ တို့ဆီကို တက်လာတဲ့ Case တွေက ပြန်ပြီး မပို့ရတော့ဘူး။ ဒါပေမယ့် ကမ္ဘာ့ဘဏ်က မြင်တာက အဲဒီလိုမဟုတ်ဘူး။
ဒီတင်လာတဲ့သူတွေကို ကျွန်မတို့က ပညာပေးရမယ်၊ သူတို့ ဒီလမ်းကြောင်းပေါ် ရောက်အောင် ကျွန်မတို့က တည့်မတ်ပေး ရမယ်ဆိုတဲ့ အခြေအနေကြောင့် မူလလုပ်တဲ့ သင်တန်း ၇ ကြိမ်အပြင် အခက်အခဲရှိတဲ့ သူတွေကို ပူးပေါင်းဖြေရှင်းပေးတဲ့ အဖွဲ့တစ်ဖွဲ့ ထားပြီး ဆောင်ရွက်ပေး နေတာရှိပါတယ်။
နောက်ပြီး One Stop Service ကောင်တာ ဖွင့်ထားတာရှိပါတယ်။ ဖုန်းနံပါတ်က ၀၁ - ၃၇၄၀၅၅ ဖြစ်ပါတယ်။ အဲဒီမှာ အဆောက်အဦတင်ဒါနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ကျွန်မတို့ ဖြေရှင်းပေး နေတာ ရှိပါတယ်။ ကျွန်မတို့ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တို့မှာ Case တင်တဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးနေ ပါတယ်။
လက်ရှိအခြေအနေမှာကျွန်မပြောတဲ့ Case တွေက ထိခိုက်နိုင်ခြေနည်းတဲ့ Low Risk တွေကို ကျွန်မတို့ စတင်ဆောင်ရွက်ပေး နေတာဖြစ်ပါတယ်။ Low Risk နဲ့ Medium Risk ပါ။ High Risk ကိုလည်း ကျွန်မတို့ ဆက်လက်ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါ တယ်။ Full Launch ကိုလည်း ဒီနှစ်ထဲမှာ လုပ်နိုင်မယ်လို့ ထင်ပါတယ်။
Low Risk က နည်းနည်းစောပါမယ်။ အပြည့်အဝကတော့ ပြုပြင်ပြောင်းလဲရတဲ့ အပိုင်းဆိုတာ Mindset ပြောင်းရတဲ့ အပိုင်း ပါ။ ကျွန်မတို့ ဝန်ထမ်းတွေရဲ့ Mindset ပြောင်းဖို့လိုသလို တောက်လျှောက် အသုံးပြု ခဲ့တဲ့သူတွေရဲ့ Mindset ကို ကျွန်မတို့က ပြုပြင်ပြောင်းလဲပေးနေရတဲ့ အခြေအနေ ရှိပါတယ်။
အစီအစဉ်မှူး ။ ။ အစိုးရဌာနတွေက ဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်တွေအပေါ် ပုဂ္ဂလိက ကဏ္ဍအနေနဲ့ ဘယ်လိုအမြင်ရှိတယ်၊ ဘာတွေထပ်ပြီး ဖြည့်စွက်ဆွေးနွေးပြောကြား ချင်တယ်ဆို တာကို ပြောပြပေးပါဦး။
ဒေါ်ခိုင်ခိုင်နွယ် ။ ။ ကျွန်မတို့ အညွှန်းကိန်း ၁ဝ ခုရှိတယ်။ အဲဒီမှာတက်သွားတာ ၅ ခု၊ ဒီအတိုင်းတန်းနေတာ ၂ ခု၊ ၃ ခုလောက် ရှိတယ်။ မတက်တာလည်း ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ အညွှန်းကိန်း ၁ဝ ခုက ကြည့်လိုက်ရင် စက်ဝိုင်းကြီးတစ်ခုပါ။ Ease of Doing Business ဆိုတာ လွယ်ကူတယ်လို့ ပြောလိုက်တာပါ။
လွယ်ကူရုံနဲ့ မပြီးဘူး။ ဒုတိယဝန်ကြီး ပြောသလို လုပ်ငန်းတစ်ခု လာလုပ်တဲ့အခါ ရင်းနှီးမြှုပ်နှံမယ်။ ဘယ်လိုစပြီး Run မယ်။ ဒီလို Starting a Business Registration ရပြီဆိုရင် သူက ဆောက်လုပ်ရေး ဆောက် တော့မယ်ဆိုရင် Construction လာမယ်။ အဲဒီအချိန် လျှပ်စစ်လိုမယ်ဆိုရင် Getting Electricity လာမယ်။ ငွေကြေးလိုမယ်ဆိုရင် Getting Credit လာမယ်။
အခွန်တွေ ပေးရတော့မယ်ဆိုရင် အခွန် ဌာနနဲ့ ချိတ်ဆက်မှုတွေ လာမယ်။ သွင်းကုန် ထုတ်ကုန်တွေ လုပ်တော့မယ်ဆိုရင် Trading Across Border တွေလာမယ်။ ဒီလိုတွေလုပ်ဖို့ အားလုံးအဆင်ပြေရုံနဲ့ ပြီးသွားလားဆိုတော့ မဟုတ်ပါဘူး။ အာမခံ ချက်တစ်ခု ပေးဖို့လိုပါတယ်။ ဒါကြောင့် လုပ်ငန်းလုပ်တဲ့အခါ Business Contract တွေ လိုလာပါတယ်။ တစ်ခုနဲ့တစ်ခု စာချုပ် ချုပ်ပြီး လုပ်တဲ့အခါ အငြင်းပွားမှုဖြစ်လာရင် ဥပဒေအရ ဒါကို ဘယ်တရားရုံးက ဖြေရှင်း ပေးမယ်ဆိုတာ လည်း အညွှန်းကိန်းမှာ ပါတယ်။
ပြီးတော့မှ လုပ်ငန်းက အမြဲတမ်းလိုလို ကောင်းနေရင် ကောင်းပါတယ်။ ဒါပေမယ့် မျှော်လင့်ထား ရမှာက တစ်ခုခုကြောင့် အခက်အခဲဖြစ်ခဲ့သော် ကယ်တင်နိုင်မယ့် ဥပဒေ၊ ငွေကြေးအခက်အခဲ ဖြစ်လာရင် ကယ်တင်နိုင်မယ့် ဥပဒေဆိုတာလည်း လိုလာ ပါတယ်။ ဒါတွေကို အကုန်ပြည့်သွားမှ သူက တစ်ပတ်လည်သွားတာ ဖြစ်ပါတယ်။ အဲဒီအခါ ကျတော့ တချို့သော အညွှန်းကိန်းတွေက ဌာနတစ်ခု သို့မဟုတ် ၂ ခု၊ ဌာနတစ်ခုတည်းက အများကြီးလုပ်လို့ရတာဆိုရင် အဆင်ပြေ ပါတယ်။
တချို့သော အညွှန်းကိန်းတွေက ဌာန ၄ - ၅ ခုနဲ့ လုပ်တဲ့အခါ ကိုယ့်ရဲ့ ဌာနတစ်ခု တည်းမှာ စိန်ခေါ်မှုတွေက ရှိပါသေးတယ်။ ပုဂ္ဂလိကနဲ့ ချိတ်ဆက်တဲ့အခါ စိန်ခေါ်မှုက ရှိပါသေးတယ်။ ဌာန ၄ - ၅ ခုနဲ့ချိတ်ဆက်တဲ့ အခါ အဲဒီစိန်ခေါ်မှုက တော်တော်ကြီးပါ တယ်။ ဒါကြောင့် တချို့သော အညွှန်းကိန်း တွေက လုပ်လို့မရတာ မဟုတ်ပေမယ့် ခက်ခဲပါတယ်။ မလွယ်ကူဘူး။
အဲဒီတော့ ပုဂ္ဂလိက ကဏ္ဍက ဘာတွေ လုပ်နေသလဲဆိုတော့ အွန်လိုင်းစနစ် Phase 1 က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တစ်ခုတည်းနဲ့ လုပ်ရတဲ့ လိုင်စင် ကိစ္စပါ။ Phase 1 မှာ အခုဆိုရင် သွင်းကုန် အွန်လိုင်းလိုင်စင် ရသွားပါပြီ။ Phase 2 မှာ Online Clearance System ဖြစ်တဲ့အတွက် အကောက်ခွန်ဦးစီးဌာန ပါလာပြီ အကောက်ခွန်ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ လုပ်ငန်းရှင်ပါ။ လုပ်ငန်းအားလုံးကို တစ်ပြိုင် နက်တည်း လုပ်ရတာ မလွယ်ကူတဲ့အတွက် Sector တစ်ခုဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းနဲ့ ကျွန်မတို့က စတင်ပါတယ်။ Phase 2 မှာ ကျွန်မတို့က သွင်းကုန်အွန်လိုင်းလိုင်စင် ရသွားပြီ။
သို့သော် သွင်းကုန်ထုတ်ကုန်ဒေတာ တွေ စစ်ဆေးနေရပါသေးတယ်။ အသင်း အနေနဲ့ Commerce နဲ့ ချိတ်ပြီး စစ်ဆေး နေရပါသေးတယ်။ အကောက်ခွန်က သူ့ရဲ့ သွင်းကုန်ထုတ်ကုန်ဒေတာကို သူ့ရဲ့ MACCS System က Commerce နဲ့ချိတ်ပြီး သူရဲ့ Trade Net ထဲကို ထည့်လို့ရနေပါပြီ။ အဲဒါကို ကျွန်မတို့ အွန်လိုင်းနဲ့ ချိတ်ဆက်ပါတော့မယ်။
ယခုနှစ် ဇန်နဝါရီလကနေ စလုပ်နေပါပြီ။ စလုပ်လို့ အောင်မြင်သွားတယ်ဆိုရင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ CMP အထည်ချုပ်လုပ်ငန်း ရှင်အသင်းတို့ အတွက် ဘာအကျိုးရှိလာမလဲဆိုတော့ လုပ်ငန်းရှင်တွေက ကျွန်မတို့ဆီလာပြီး ဘယ်ပစ္စည်း၊ ဘယ်လောက်သွင်းတယ်၊ ဘယ်လောက်ထွက်သွားတယ်၊ ဘယ်လောက် ကျန်တယ်ဆို တာ လာတွက်စရာမလိုတော့ ပါဘူး။ သူက တစ်ခါတည်း အင်တာနက်ကနေ သူ့ရဲ့ သွင်းတဲ့ပစ္စည်းက ဘယ်လောက်၊ သူ့ထုတ်ကုန်အတွက် သုံးလိုက်တာက ဘယ်လောက်၊ လက်ကျန်က ဘယ်လောက် တစ်ခါတည်း ပေါ်သွားမယ်ဆိုရင် အမှန် ထွက်လာတော့မယ်။ မဟုတ်တာလည်း ပြလို့မရပါဘူး။
အဲဒီအခါကျရင် လိုင်စင်လျှောက်ဖို့ အွန်လိုင်းကို တက်လိုက်တဲ့အခါ ကုန်ကြမ်း အများကြီး တင်သွင်းပြီး ပြန်မပို့တဲ့သူဆိုရင် လိုင်စင်ရကို ရမလာတော့ပါဘူး။ အဲဒီလိုတွေ ဖြစ်လာတဲ့အထိ ကျွန်မတို့က ဆောင်ရွက် နေပါပြီ။ ယခုနှစ် ဇန်နဝါရီလမှာ ဆောင်ရွက် တာ အောင်မြင်ခဲ့ရင် Trading Across Border လည်း တော်တော်အဆင်ပြေသွား မယ်လို့ ထင်ပါတယ်။ အဲဒီအခါကျရင် Process တွေက တော်တော်လေး လျော့သွား မှာ ဖြစ်ပါတယ်။
ကျွန်မတို့ဆီကိုလာပြီး စာရင်းတွေ ရှင်းစရာမလိုတော့ဘူး။ နောက်ပြီး လုပ်ငန်းရှင်ဆိုရင်လည်း သူ့စားပွဲမှာ သူထိုင် ပြီး Username နဲ့ Password ရိုက်ထည့်လိုက် တာနဲ့ သူ့ရဲ့ပစ္စည်း ဘယ်လောက်တင်သွင်း တယ်၊ ဘယ်လောက်ထွက်သွားတယ်ဆိုတာ ကအစ စာရင်းကို အမှန်အတိုင်း အတိအကျ သိနိုင်မှာဖြစ်တဲ့အတွက် ဒါကိုလည်း ပူးပေါင်း ဆောင်ရွက်နေတာ ရှိပါတယ်။
နောက်တစ်ခုက DG ပြောခဲ့တဲ့ Cooperate Governance Code ကိုလည်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကုန်သည်/စက်မှု အသင်းချုပ်နဲ့ လုပ်ငန်းရှင်အားလုံး ၁၁ ဦး ပါဝင်တဲ့ Myanmar Institute of Directors - MIOD ကနေ လုပ်နေပါတယ်။ ဒါက မြန်မာနိုင်ငံမှာရှိတဲ့ Cooperate Governance ကို ကျွန်မတို့က Training ပေးနေတာပါ။ DG တို့ရဲ့ Company Law မှာ ဒါရိုက်တာတစ်ယောက်ရဲ့ တာဝန်ကဘာလဲ၊ သူသည် ပွင့်လင်းမြင်သာမှုရှိရမယ်။ သူသည် ဘယ်လို တာဝန်ယူရမယ်ဆိုတဲ့အပိုင်းမျိုးမှာ MIOD က အများကြီး အထောက်အကူပြု သွားမယ်။
နိုင်ငံတော်အစိုးရရဲ့ ဝန်ကြီးဌာနတွေက ပြုပြင်ပြောင်းလဲတဲ့အချက်အပေါ်မှာ ပုဂ္ဂလိက ကဏ္ဍက လည်း ဒါကိုလိုက်ပြီး ပူးပေါင်းဆောင် ရွက်နေတာလို့ ပြောချင်တာ ဖြစ်ပါတယ်။ လိုအပ်နေပေမယ့် ကြိုးစားနေပါတယ်။
အစီအစဉ်မှူး ။ ။ ဒုတိယဝန်ကြီးကို မေးချင် တာက ရှေ့ဆက်လက်ပြီး ဆောင်ရွက်သွားမယ့် အစီအမံတွေရှိတယ်ဆိုရင်လည်း ပြည်သူ တွေ သိရှိအောင် ရှင်းပြပေးပါဦး။
ဦးအောင်ထူး ။ ။ ကျွန်တော်တို့က အထောက် အကူပြုအဖွဲ့အားလုံးမှာ အနည်းဆုံး တစ်နှစ် မှာ ပြုပြင်ပြောင်းလဲမှု ၃ ချက် လုပ်ရမယ် ဆိုပြီး တောင်းခံပါတယ်။ ဒီနှစ်အတွင်းမှာ လုပ်ရမယ့် ပြုပြင်ပြောင်းလဲမှုက အချက် ၄၀ လောက် ရပါတယ်။ အဲဒီအချက် ၄ဝ အပေါ် မှာ အခြေခံပြီး ကာလတို၊ ကာလလတ်နဲ့ ကာလရှည် ဘယ်လိုအကောင်အထည်ဖော် မလဲဆိုတဲ့ Action Plan လုပ်ငန်းအစီအစဉ် ကို ကျွန်တော်တို့က ရေးဆွဲပါတယ်။ ရေးဆွဲ ပြီးမှ ဒါကို အကောင်အထည်ဖော်ဖို့ လုပ်ပါ တယ်။ အကောင်အထည်ဖော်တဲ့ အဆင့်တိုင်း မှာလည်း နှစ်ပတ်တစ်ကြိမ် အစည်းအဝေး လုပ်ပြီး ဒါတွေကို Follow up လုပ်ပြီးမှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ရည်မှန်းချက်က မကြာမီ ကာလအတွင်းမှာ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရ လွယ်ကူမှုအဆင့် မှာ ၁၀၀ အောက်ကို ရောက်အောင်လို့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း နိုင်ငံတော် အစိုးရ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌအနေနဲ့ အစဉ် တစိုက် ကျွန်တော်တို့ကို ကြီးကြပ်လမ်းညွှန် မှုတွေ ပြုလုပ်ပေးနေပါတယ်။ သူ့ရဲ့ ကြီးကြပ် လမ်းညွှန်မှု၊ အားပေးမှုတွေနဲ့ ကျွန်တော်တို့ မမှိတ်မသုန် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် အာဆီယံနိုင်ငံထဲမှာ စီးပွားရေးအားဖြင့် အနိမ့်ကျဆုံး ဖြစ်တယ်ဆိုတာကို တွေ့ရ ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ရဲ့ ခံယူချက်က ငြိမ်းချမ်းရေးသီချင်းမှာလို မငြိမ်းချမ်းလို့ မဖြစ်ဘူးဆိုသလို ကျွန်တော်တို့က စီးပွားရေး မဖွံ့ဖြိုးလို့မဖြစ်ဘူးဆိုတဲ့ ခံယူချက်နဲ့ ဆောင် ရွက်နေတယ်လို့ ပြောကြားချင်ပါတယ်။
အစီအစဉ်မှူး ။ ။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း အညွှန်းကိန်းဆိုင်ရာ အထောက် အကူပြုအဖွဲ့အနေနဲ့ အနာဂတ်အခြေအနေ အလားအလာ ဘယ်လိုရှိမယ်လို့ မျှော်လင့် ထားပါသလဲခင်ဗျာ။
ဦးသန့်စင်လွင် ။ ။ စီးပွားရေးလုပ်ငန်း တစ်ခုစတင်ခြင်းကို ကျွန်တော်တို့ တာဝန်ယူ နေတဲ့အပိုင်းကို ခုနက ကျွန်တော်ရှင်းပြသွား တဲ့ အချက် ၄ ချက်အပေါ် မူတည်ပြီး ပြန်တွက်မယ်ဆိုရင် ၂ ချက်က လုပ်ဖို့မလို တော့ပါဘူး။ ကျန်တဲ့ ၂ ချက်က လုပ်ဖို့လိုပါ သေးတယ်။ အဲဒါက စီးပွားရေးလုပ်ငန်းတွေ စတင်ရာမှာ အဆင့်၊ ကြာမြင့်တဲ့အချိန် ဒီနှစ်ခုကို လျှော့ဖို့ လိုလာပါတယ်။
ကျွန်တော်တို့ဌာနအနေနဲ့ လုပ်စရာ ရှိတာ တော်တော်များများ လုပ်ပြီးပါပြီ။ အားလုံးသိကြတဲ့အတိုင်းပါ နည်းပညာကို အသုံးပြုထားတယ်ဆိုရင် တော်တော် များများက အဆင်သင့်ဖြစ်နေတာ ဖြစ်ပါ တယ်။ ဒါပေမယ့် ဒီအဆင့်တွေ လျော့အောင် အခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လည်း ကျွန်တော်တို့မှာ သာဓကတွေ ရှိပါတယ်။
နောက်တစ်ခုက ဒါနဲ့ပတ်သက်ပြီးပါလာတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ရာမှာ ငွေကြေးအကျပ် အတည်း ဖြစ်ပေါ်လာရင် ဖြေရှင်းတဲ့နည်းလမ်း Insolvency Law ကို ပြည်သူ့လွှတ်တော်က အတည်ပြု လိုက်ပြီဆိုရင် Insolvency Law အရ ဖြစ်ပေါ်လာတဲ့ လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ ကို မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ဒီလို မှတ်တမ်းတင်ဖို့လည်း ကျွန်တော်တို့က အသင့်ဖြစ်နေပါပြီ။ ဒါကတစ်ချက်ပါ။
နောက်တစ်ချက်က မြန်မာနိုင်ငံ ငွေကြေးခဝါချမှုဥပဒေအရ ပေါ်ပေါက် လာတဲ့ အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာ ဖော်ထုတ်မှု ဒါနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ လိုအပ်တဲ့ မှတ်ပုံတင်မှု၊ လိုအပ်တဲ့ ကြေညာချက်တွေကို ပြင်ဆင် ပေးနေပါတယ်။ အလားတူ အလုပ်သမားနဲ့ ပတ်သက်တာ၊ အကောက်ခွန်နဲ့ ပတ်သက် တာ၊ ပြည်တွင်းအခွန်နဲ့ ပတ်သက်တာ၊ လူမှုဖူလုံရေးနဲ့ ပတ်သက်တာ ဒါတွေဆိုရင် လည်း ကျွန်တော်တို့ဘက်က လမ်းဖွင့်ပြီး ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ဌာနအနေနဲ့ ကိုယ့်ဟာကို ဌာနတစ်ခုတည်းအနေနဲ့ တက်သွားလို့မပြီးဘဲ အခြားဌာနတွေကိုပါ နားလည်ပြီး လိုက်ပါဆောင်ရွက်နိုင် အောင် ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ဖို့ကိုလည်း ခွင့်ပြုချက်ရရှိထား ပြီး ဖြစ်ပါတယ်။
ငွေရေးကြေးရေးကအစ လိုအပ်တဲ့ အချိန်မှာ ဖြည့်စွက်ပေးဖို့ဆိုတာလည်း ရရှိပြီးဖြစ်ပါတယ်။ အဲဒီတော့ နည်းပညာ အကူအညီနဲ့ အခြားလိုအပ်တဲ့ ဌာနတွေကို ချိတ်ဆက်ဖို့ ဆက်လက်ဆောင်ရွက် နေတာ ဖြစ်တဲ့အတွက် လာမယ့်စီးပွားရေး လုပ်ငန်းတစ်ခု စတင်ခြင်းမှာ အခြေအနေ ကောင်းတစ်ခုရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။
တစ်လက်စတည်း ကျွန်တော်တို့ ဌာနက တာဝန်ယူဆောင်ရွက်တဲ့ လူနည်းစု ရင်းနှီးမြှုပ်နှံသူတွေ အကာအကွယ်ပေးရေး ဆိုင်ရာနဲ့ ပတ်သက်လို့လည်း ပြည့်ပြည့်စုံစုံ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ နည်းပညာကို အသုံးပြုခြင်း၊ အသုံးပြုတဲ့ နည်းပညာကို အခြားအဖွဲ့ အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ သက်ဆိုင် သောဌာနတွေကို ဖြန့်ဝေခြင်း၊ နောက်တစ်ခု က ကျွန်တော်တို့မှာ ရှိပြီးသားလုပ်ပြီးသားအခြေခံရှိတဲ့ အချက်အလက်တွေကို သိအောင်ကြေညာခြင်း၊ လုပ်ဆောင်မှု ရှိ မရှိကို လိုက်လံကြည့်ရှုခြင်း၊ နောက်ဆုံး တစ်ချက်က အားလုံးမှာ အချုပ်ဖြစ်တဲ့ နည်းပညာနဲ့ အခက်အခဲတွေကို ကျော်လွှားမယ်လို့ ကျွန်တော်တို့ ပြင်ဆင်ပြီး ကြိုတင်စီစဉ် ဆောင်ရွက်နေပါတယ်လို့ တင်ပြချင် ပါတယ်။
အစီအစဉ်မှူး ။ ။ ဆောက်လုပ်ခွင့် ရယူခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူ ပြုအဖွဲ့အနေနဲ့ ရှေ့အနာဂတ် အလားအလာ အခြေအနေ ဘယ်လိုရှိမယ်လို့ မျှော်လင့် ထားပါသလဲခင်ဗျာ။
ဒေါ်လှိုင်မော်ဦး ။ ။ DG ပြောသလိုပါပဲ နည်းပညာတစ်ခုဖြစ်တဲ့ အွန်လိုင်းစနစ်ကို ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်မတို့ ဒါက ရန်ကုန်မြို့မှာ ဆောင်ရွက်နေတဲ့ အပိုင်း ဖြစ်ပါတယ်။ ထိခိုက်နိုင်ခြေအပေါ် မူတည်ပြီး ခွင့်ပြုမိန့်တွေကို ထုတ်ပေးတဲ့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အစီအစဉ် မျိုးကို အွန်လိုင်းမလုပ်ရင်လည်း မြန်မာနိုင်ငံ မှာရှိတဲ့ အခြားမြို့တွေက ဒီအပေါ်မှာ မူတည်ပြီး ထိခိုက်နိုင်ခြေနည်းရင် နည်းသလို ခွင့်ပြုမိန့်တွေကို မြန်မြန်ဆန်ဆန် ထုတ်ပေးတဲ့ နည်းလမ်းကို ကျင့်သုံးလို့ ရအောင်လည်း ကျွန်မတို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနေပါတယ်။ ဒါကို မျှဝေ ပေးနေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ အထောက်အကူပြုအဖွဲ့ထဲမှာ မန္တလေးနဲ့ နေပြည်တော်တို့လည်း ပါပါတယ်။ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်စည်ပင်သာယာ ရေး ကော်မတီတွေလည်း ပါပါတယ်။ အဲဒီတော့ အဆောက်အဦခွင့်ပြုမိန့်နဲ့ ပတ်သက်ပြီးပေးနေတဲ့ အထူးသဖြင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် စည်ပင်သာယာ ရေးကော်မတီတွေမှာရှိတဲ့ အဆောက်အဦတွေ တော်တော်များများက ထိခိုက်နိုင်ခြေနည်းတဲ့ အဆောက်အဦ အနိမ့်တွေပါ။ လွယ်လွယ် ကူကူ ဆောင်ရွက်နိုင်ဖို့ကို ဝိုင်းပြီးကူပေးနေပါ တယ်။ မြို့ကြီးတွေဖြစ်တဲ့ မန္တလေးနဲ့ နေပြည်တော်တို့ကလည်း ကျွန်မတို့သုံးနေတဲ့ အွန်လိုင်းစနစ် အောင်မြင်ရင် မျှဝေဆောင်ရွက် ဖို့လည်း အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ခုနက ကျွန်မပြောသလိုပါပဲ။ ဒါက ကျွန်မတို့ တစ်ဌာန တည်းလုပ်လို့ရတဲ့အပိုင်းကို ဆောင်ရွက် နေတာရှိသလို အခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာတွေလည်း ရှိပါတယ်။ ဥပမာ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့လို အခြား ဌာနတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေပါ တယ်။
အဲဒီအပိုင်းတွေကို ကျွန်မတို့ တစ်ဌာန တည်းလုပ်လို့ရတာတွေ အကုန်လုပ်ပြီးရင် ဒါမှမဟုတ် အဆင့်တွေ၊ အချိန်တွေနဲ့ ပတ်သက်တဲ့အပိုင်းတွေကိုလုပ်ပြီးရင် အရည် အသွေး Insurance နဲ့ပတ်သက်တဲ့ မူဝါဒပိုင်း ဆိုင်ရာတွေ၊ နည်းဥပဒေပိုင်းဆိုင်ရာတွေ ပါလာပါတယ်။ ဥပမာ အာမခံပေးတဲ့ကိစ္စမျိုးတွေဆိုရင်လည်း ကျွန်မတို့ဘက်က လေ့လာပြီး နှစ်ပတ်တစ်ခါ တွေ့တာရှိ ပါတယ်။ တစ်လ တစ်ခါ တွေ့တာရှိပါတယ်။
ဒီလိုအခြေအနေတွေမှာ အခြားဌာနတွေနဲ့ ပေါင်းစပ်ပြီး မူဝါဒပိုင်းကိစ္စတွေကိုလည်း တင်ပြနေတာ ရှိတော့ ကျွန်မတို့ စီးပွားရေး ပတ်ဝန်းကျင်ကောင်းတစ်ခုကို မကြာခင် ဖန်တီးနိုင်မယ်လို့ ကျွန်မအနေနဲ့ မျှော်လင့် ပါတယ်။ ယုံကြည်ပါတယ်။ အားလုံးက စိတ်ဆန္ဒရှိနေကြပါတယ်။
ကျွန်မတို့ နိုင်ငံမှာ စီးပွားရေးဝန်းကျင် ကောင်း ပေါ်ပေါက်ဖို့ဆန္ဒရှိနေကြပါတယ်။ ကြိုးစားနေကြပါတယ်။ တစ်ဦးချင်းလည်း ကြိုးစားနေကြပါတယ်။ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုတွေလည်း လုပ်နေကြပါတယ်။ ဒီအပြင်မှာ ကျွန်မတို့ ခုနကပြောတဲ့ မူဝါဒပိုင်း၊ နည်းဥပဒေပိုင်း၊ ဥပဒေပိုင်း၊ လုပ်ထုံးလုပ်နည်း ပိုင်းတွေကိုလည်း ကျွန်မတို့ရဲ့ အထက်မှာရှိတဲ့ ပုဂ္ဂိုလ်တွေက တကယ်ကို အားပေးဆောင်ရွက် နေတာဖြစ်လို့ ကျွန်မအနေနဲ့က အနာဂတ် ကာလမှာ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ ပိုမိုပွင့်လန်းလာမယ်လို့ ယူဆပါတယ်။
အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါ။ ဒီတစ်ခါ ပုဂ္ဂလိကကဏ္ဍအနေနဲ့ အနာဂတ်အခြေအနေ၊ အလားအလာဘယ်လိုရှိမယ်လို့ မျှော်လင့် ထားပါသလဲ။
ဒေါ်ခိုင်ခိုင်နွယ် ။ ။ Doing Business ကို တိုင်းတာကိုက အဓိကအချက် သုံးချက် ဖြစ်ပါ တယ်။ အချိန်သက်သာမယ်၊ စရိတ်သက်သာ မယ်၊ အဆင့်တွေလျော့သွားမယ်။ ဒီ သုံးခုစလုံး ပုဂ္ဂလိကကဏ္ဍတွေက ကြိုက်တာပဲလေ။ ဒီအမှတ်တက်တယ်ဆိုတာက ပုဂ္ဂလိကဘက်က ကောင်းတယ်လို့ပဲ တွက်ပါတယ်။
အမှတ်တက်ဖို့အတွက်ကို ပူးပေါင်း ဆောင်ရွက်မှုတွေလည်း လုပ်ပါတယ်။ လုပ်ငန်းအတွက် လည်းပါသလို တိုင်းပြည် အတွက်လည်း ပါပါတယ်။ ဒါကြောင့် ပူးပေါင်း ဆောင်ရွက် ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ပုဂ္ဂလိကကဏ္ဍက လိုအပ်တာလေးတွေကျရင် အသံလေးတွေ နည်းနည်းပေးတတ်တာလေး တွေ ရှိပါတယ်။ အသံပေးတဲ့အခါမှာ နားလည် ပေးဖို့ပါ။
အဲဒါက ဒီဘက်နောက်ပိုင်း တော်တော်လေး နားလည်လာတော့ အပြုသဘောဆောင်တဲ့ အသံပေးမှု၊ ဒါလေးတော့ ခက်ခဲပါတယ်။ ဒါလေးကို ပြောင်းပေးပါဆိုပြီး ပူဆာသလို မျိုးလေးပေါ့လေ၊ ဒါလေးကို နားလည်ပေးပြီး အတူတူပူးပေါင်းပြီး ပြောင်းလဲကြတယ်ဆိုရင် ရှေ့အနာဂတ်မှာ ကောင်းလာမှာပါလို့ အသံလေးနည်းနည်းထွက်တာတော့ သည်းခံ နားလည်ပေးပြီး ပူးပေါင်းဆောင်ရွက်ပေးပါလို့ ပြောချင်ပါတယ်။
ဒေါ်လှိုင်မော်ဦး ။ ။ ကျွန်မ တစ်ခုလေး ထပ်ဖြည့် ပြောချင်ပါတယ်။ ကျွန်မတို့က ရိုးရှင်းဖို့၊ လွယ်ကူဖို့၊ မြန်ဆန်ဖို့၊ သက်သာဖို့ လိုသလို တစ်ဖက်မှာလည်း အရည်အသွေး အနေနဲ့ အာမခံချက်ရှိဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်မတို့ တစ်ဖက်က ဖြေလျှော့ ပေးနေသလို တစ်ဖက်က ထိန်းချုပ်နိုင်မယ့် အာမခံချက်နဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေလည်း လိုမှာဖြစ်ပါ တယ်။ လွယ်ပြီး၊ မြန်ပြီး၊ သက်သာပြီး အာမခံချက်မရှိရင်လည်း ရေရှည်မှာကျတော့ ခုနပြောတဲ့ စီးပွားရေး ပတ်ဝန်းကျင်ကောင်း ဖြစ်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အရည်အသွေးနဲ့ ပတ်သက် တဲ့ အပိုင်းကိုလည်း ကျွန်မဘက်က တစ်ခါ တလေ ထိန်းချုပ်ရတာရှိခဲ့ရင်လည်း ပုဂ္ဂလိက ကဏ္ဍဘက်က နားလည်ပေးစေ ချင်ပါတယ်လို့ ပြောကြားချင်ပါတယ်။
အစီအစဉ်မှူး ။ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ထပ်ပြီး ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။
ဦးအောင်ထူး ။ ။ တခြားတော့ မရှိပါဘူး။ ဒီလိုဆွေးနွေးခွင့်ရတဲ့အတွက် ကျွန်တော့် အနေနဲ့ များစွာဝမ်းမြောက်ပါတယ်။ နောက်တစ်ကြိမ် ဒီလိုတွေ့ဆုံပွဲဖြစ်လာတဲ့ အခါ ဒီနှစ်မှာ တိုးတက်မှုရှိခဲ့သလို နောက်နှစ် မှာလည်း တိုးတက်မှုတွေရရှိလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။
အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါ ခင်ဗျာ။ ကျွန်တော်တို့ရဲ့ စီးပွားရေးစကားဝိုင်း အစီအစဉ်လေးကို ဒီမှာနိဂုံးချုပ်လိုက် ရအောင်ခင်ဗျာ။
တာရာ