Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E Mr.Dan Chuggg နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ဘားအံ ဖေဖော်ဝါရီ ၇

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး  H.E Mr.Dan Chuggg နှင့်အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဘားအံမြို့၊ ပြည်ထောင်စုဧည့်ရိပ်သာ ပဒိုဒေးဗစ်တောခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ကရင်ပြည်နယ်လုံခြုံရေးနှင့် ဖွံဖြိုးတိုးတက်မှုကိစ္စရပ်များ၊ လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားရှိမှုများ၊ ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ဆုံးဖြစ်ပေါ်မှုအခြေအနေ၊ ပြည်နယ်အတွင်းလျှပ်စစ်မီးတိုးတက်ရရှိမှု အခြေအနေ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများ၊ ဒေသတွင်း နေရပ်စွန့်ခွာသူများ ၏အရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးရာသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောကျော်ဝင်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E Mr.Dan Chuggg နှင့်အတူ ပထမအတွင်းဝန် Mr.Tom Crofts တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)