Skip to main content

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

နေပြည်တော် ဖေဖော်ဝါရီ ၇

နေပြည်တော်၌ ကျင်းပမည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင် ဆက်ကြမည့်  တိုင်းဒေကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့တွင် နေပြည်တော်ရှိ အထင်ကရ နေရာများသို့ သွားရောက်လေ့လာကြသည်။

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် လွှတ်တော် အဆောက်အအုံ၊ Junction Center နှင့် ကျောက်မျက်ရတနာပြတိုက်တို့သို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ  သွားရောက်လေ့လာကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။

ဆက်လက်၍ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် နေပြည်တော်ဗုဒ္ဓဂယာ၊  ဥပ္ပါတသန္တိစေတီ တော်နှင့်နေပြည်တော် ရေပန်းဥယျာဉ်တို့သို့ ဆက်လက် လေ့လာကြပြီး အမှတ်တရဓာတ်ပုံရိုက်ကြသည်။

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့တွင် ကချင်ပြည်နယ်မှ ၆၂ ဦး၊ ကယားပြည်နယ်မှ ၈၀ ဦး၊ ကရင်ပြည်နယ်မှ ၄၀ ဦး၊ ချင်းပြည်နယ်မှ ၄၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၄၀ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၃၆ ဦး၊ ရှမ်းပြည်နယ်မှ ၇၉ ဦး စုစုပေါင်း ၄၁၁ ဦး ပါဝင်ကြောင်းသိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များကို ပြည်ထောင်စုနေ့ အခမ်းအနားသို့တတ်ရောက်ရန် နှစ်စဉ် ဖိတ်ကြားခြင်းမှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကများကို အပြန်အလှန်ဖလှယ်နိုင်စေရန်နှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန် ဖိတ်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း-ဟန်လင်းနိုင်၊ ဟိန်းမင်းစိုး၊

ဓာတ်ပုံ-ထန်းဖုန်