ဟားခါး ဖေဖော်ဝါရီ ၉
အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)၏၂၀၁၈−၂၀၁၉ ခု၊ ပညာသင်နှစ်တွင် A.G.T.I(တတိယနှစ်) အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား A.G.T.I ဒီပလိုမာအောင်လက်မှတ်အပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ကာဆင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အစိုးရ စက်မှုလက်မှုသိပ္ပံ(ဟားခါး)ကျောင်းအုပ်ကြီး ဒေါက်တာဆလိုင်းတလွန်ဇထန်း က A.G.T.I ဒီပလိုမာ အောင်လက်မှတ်များကိုပေးအပ်ရာ မြို့ပြအင်ဂျင်နီယာဘာရပ်(၃၅)ဦး၊ အီလက်ထရောနစ် အင်ဂျင်နီယာ ဘာသာရပ်တွင်(၂၇)ဦး၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်တွင်(၁၇) ဦး ၊ စက်မှုအင်ဂျင်နီ ယာဘာသာရပ်တွင် (၂၉) ဦးတို့က လက်ခံရယူကြပြီး ကျောင်းအုပ်ကြီးက မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ A.G.T.I ဒီပလိုမာ အောင်လက်မှတ်ရရှိသူများနှင့် ကျောင်းသား/ ကျောင်းသူများ၏ မိဘများ တက်ရောက်ကြသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး) ကို ၂၀၀၈ခုနှစ် ၊ ဒီဇင်ဘာလ(၁၅)ရက်မှစတင်၍ ၂၀၀၈−၂၀၀၉ခု ၊ ပညာသင်နှစ်တွင် A.G.T.I (ပထမနှစ်) ကျောင်းသား ၊ ကျောင်းသူ (၃၁) ဦး ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး (၁၀) နှစ်ပြည့်သည့် ၂၀၁၉−၂၀၂၀ ပညာသင်နှစ်တွင် A.G.T.I (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်) ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၈၆) ဦးထိ တက်ရောက်ပညာသင်ကြားလျက်ရှိသည့်အပြင် A.G.T.I ဒီပလိုမာအောင်မြင်ပြီးသူ (၃၉၉) ဦး၊ B-Tech ဘွဲ့ရပြီးသူ(၁၂၈)ဦးနှင့် B.E တက်ရောက်ခွင့်ရရှိသူ(၁၃၃)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)