Skip to main content

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည်။

ပြိုင်ပွဲကို ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်အသင်း (၃၅) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ထမနဲအသင်းများ၏ ယှဉ်ပြိုင်မှုများအား  လိုက်လံကြည့်ရှုအားပေးသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက အထူးဆုရရှိသော ထမနဲအသင်းများအားလည်ကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် စတုတ္ထနှင့်ပဉ္စမဆုရှိသော အသင်းများအား လည်ကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယဆုနှင့် ဒုတိယဆုရရှိသော အသင်းများအားလည်ကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသော ပြည်နယ်လမ်းဦးစီးဌာန ထမနဲအသင်းအားလည်ကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)