Skip to main content

ဒုတိယဝန်ကြီး ဦးတင်လတ် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းများနှင့်တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၉

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တော်ဝင်စင်တာ၌ ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ အမှတ်တရပစ္စည်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်း ရုံးခန်းသို့သွားရောက်ပြီး အသင်းတာဝန် ရှိသူများနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။

ထို့နောက် အသင်းတာဝန်ရှိသူများက ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးရန် ကိစ္စရပ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကျန်းမာရေးစောင့်ရှောက်မှု အသင်းရုံးခန်းသို့သွားရောက်၍ တာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ထို့နောက် အသင်းတာဝန်ရှိသူများက ခရီးသွားအာမခံထားခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် ကိစ္စရပ်များ၊ Crisis Management သင်တန်းဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်