Skip to main content

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုနှင့် ဂျပန်လေကြောင်းပညာရှင်များ ဆူရ်ဘုန်လေဆိပ်နှင့် လိုင်ဗားဆည်များ ကြည့်ရှုစစ်ဆေး

ဖလမ်း    ဖေဖော်ဝါရီ   ၂၇

ဂျပန်လေကြောင်းပညာရှင် Strengthening of Civil Aviation Safety Oversight in the Republic of the Union of Myanmar Project မှ Akira HAHRDA ဦးဆောင်သော ပညာရှင်များသည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြားအွယ် တို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဆူရ်ဘုန်လေဆိပ် စီမံကိန်းအား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအဖွဲ့သည် ဆူရ်ဘုန်လေဆိပ် စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး လေဆိပ်စီမံကိန်း တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းဇော် က စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြီး လေယာဉ်ပြေးလမ်း၊ လေဆိပ်အဆောက်အဦများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ဖလမ်းမြို့နယ်ရှိ လိုင်ဗားအောက်ဆည်နှင့် အထက်ဆည်များကို ကြည့်ရှုပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန ဖလမ်းခရိုင်ဦးစီးမှူး ဦးသန်းဝင်း က အောက်ဆည် တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဂျွန်( ပြန်/ဆက် )