Skip to main content

လောပိတ(ရှမ်း)ရွာ စေတီတော် ရွှေဆေးကပ်လှူ ပူဇော်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်မှ အလှူတော်ငွေ ပေးအပ်

လွိုင်ကော်  ဇန်နဝါရီ  ၉

လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ လောပိတ(ရှမ်း)ရွာ သာသနာ့ဂုဏ်ရည် ကျောင်းတိုက် အတွင်း၌ တည်ထားကိုးကွယ်လျက်ရှိသော စေတီတော်မြတ်ကြီးအား ရွှေဆေးကပ်လှူပူဇော်နိုင်ရေး အတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ ရန်ပုံငွေကျပ် (၁၇) သိန်း တိတိအား ပေးအပ်ခဲ့သည်။

ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ လောပိတကျေးရွာခရီးစဉ်တွင် ဒေသခံ ပြည်သူများ၏ တင်ပြချက်များအရ လိုအပ်သော ရန်ပုံငွေများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြစေခဲ့ပြီး စိစစ်တင်ပြချက်များအရ စေတီတော် ရွှေဆေး ကပ်လှူပူဇော်နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ရွှေဆေးကပ်လှူပူဇော် နိုင်ရေး လိုအပ်လျက်ရှိသော ရန်ပုံငွေကျပ် (၁၇) သိန်းအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး တို့နှင့်အတူ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထွန်းလေး