Skip to main content

Australian National University (ANU)တက္ကသိုလ်မှ Dr. Jonathan Liljeblad နှင့် လေ့လာရေးအဖွဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ လာရောက်လေ့လာ

နေပြည်တော်   ဇန်နဝါရီ   ၉

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် Australian National University (ANU) တက္ကသိုလ်မှ Dr. Jonathan Liljeblad နှင့် လေ့လာရေးအဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်နေသည့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများ၏ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ Australian National University (ANU)နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် ဥပဒေ အရာရှိများ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဥပဒေပညာလေ့လာသင်ယူမှု အခွင့်အလမ်းများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဥပဒေများ စိစစ်အကြံပြုရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက် ခဲ့ကြသည်။

ယင်းနောက် Dr. Jonathan Liljeblad နှင့် လေ့လာရေးအဖွဲ့သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဌာနအသီးသီးသို့ လေ့လာခဲ့ကြရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များအကြောင်း ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်