Skip to main content

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

အကယ်ဒမီ မေလွင် (အေဝမ်း) နှင့် ရုပ်ရှင်စကားဝိုင်း
 

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

ဩဂုတ် ၁ ရက်မှအဆက်
ကြည်စိုးထွန်း။ ။ ကောင်း တယ် နော်၊ အစ်မ အဲဒီကားလေးလည်း။
ဒေါ်မေလွင်။ ။ အဲဒီ ကားလေးလည်း လူတော်တော် ကြိုက်ပါ
တယ်။
ကြည်စိုးထွန်း။ ။ ကိုကျော်ဆွေကလည်း ရိုက် ချက် က လေး တွေ
ကလည်းကောင်း၊ သရုပ်ဆောင်တာလေး တွေ ကျွန်တော် မှတ်မိနေတာပေါ့လေ။ ပြန်ကြည့်ချင်တာ အစ်မရယ်။ မရတော့ပါ ဘူးနော်။ အဲဒီတုန်းက အတွေ့အကြုံ ပြောပါဦး အစ်မရယ်။
ဒေါ်မေလွင်။ ။ အဲဒီတုန်းက ဦးကျော် ဆွေက သိပ်စေ့စပ်တာ
ပဲ။ ဒီလို ဖိုက်တင်တို့ မြင်းပြေးတာ၊ ခုန်တာ၊ လွှားတာ၊ ကင်မရာ Angle လေး ယူတာတို့ ဘာတို့ဆို အလွန်ကို တော်ပါတယ်။ အဲဒီတုန်းကဆို ချစ်မင်းလူတို့ဆိုရင် ဦးကျော်ဆွေရဲ့ တပည့်ပဲပေါ့။
ကြည်စိုးထွန်း။ ။ ဒါပေါ့ ဒါပေါ့။
ဒေါ်မေလွင်။ ။ သူက အဲဒီမှာ တော်တော် လေး ပညာ ရပါတယ်။
သူကလည်း တော်လို့ပေါ့။ ချစ်မင်းလူ ကလည်း ယူတတ်လို့ပေါ့။
ကြည်စိုးထွန်း။ ။ သိပ် ပညာလိုချင်တာ ဒီကောင်က။
ဒေါ်မေလွင်။ ။ အခု ခေတ်ကြီးမှာ ဦးကျော်ဆွေသာ ရှိရင်
အတော်ကို တိုးတက်တဲ့ ဗမာ့ကားတွေ ကြည့်ရမှာလို့။
ကြည်စိုးထွန်း။ ။ ဟာ မှန်တယ်။ မှန်ပါ တယ်။
ဒေါ်မေလွင်။ ။ သူသေသွားတာ သိပ် စောသွားတယ်။
ကြည်စိုးထွန်း။ ။ နှမြောစရာ သိပ်ကောင်း တာပဲ၊ ဒီ ‘ချစ်မေတ္တာ’
ကောင်းတယ်။ ‘ပုလဲမျက်ရည်’ ကောင်း တယ်။ နောက် ကိုသိန်းဇော်ပါတာ ‘ပုံပမာ’ လား။
ဒေါ်မေလွင်။ ။ ‘ပုံပမာ’ ပါ ဟုတ်ကဲ့။ ဦးကျော်ဆွေ ရိုက်တာ
ပဲ။ အလွန်ပဲ ကောင်းပါတယ်။
ကြည်စိုးထွန်း။ ။ နောက် မြင်ကွင်းကျယ် တွေလည်း အများကြီး
ရိုက်တယ်။ ‘ဒဏ်’တို့၊ ‘မြတ်နိုးသူ’တို့ တကယ့်။
ဒေါ်မေလွင်။ ။ တကယ့် ပညာရှင်ကြီးပါ။ နှမြောဖို့ သိပ်ကောင်း
တာပဲ။
ကြည်စိုးထွန်း။ ။ အစ်မရေ သူက အကယ်ဒမီနဲ့ လွဲသွား
ရှာတယ်။ ရသင့်တဲ့ကားတွေကို အများကြီး ပဲ။ သို့သော်လည်း ကံပေါ့လေ။ အကယ်ဒမီ ဆိုတာလည်း ကံအများကြီး ပါတာကိုး။ ဦးကျော်ဆွေကတော့ အကယ်ဒမီ ရမသွား ဘူး။ ဦးကျော်ဆွေတို့၊ ဦးရွှေဘတို့၊ ဦးတင် ညွန့်တို့၊ ဒိုင်ဗင်တင်လှတို့၊ ဦးကျော်ဖေတို့ အကြောင်းကတော့ သတ်သတ်ပြောဖို့ စီစဉ်ထားတယ် အစ်မရဲ့၊ တကယ်လည်း သိပ်တော်တဲ့ လူကြီးတွေပါ။
ဒေါ်မေလွင်။ ။ ကို ခင် မောင် ညွန့် တို့ ဆိုလည်း အင်မတန်
ကြိုးစားပါတယ်။ ရာဇဝင်တွေကို သူတို့က
စာတင်ထားတဲ့ သူတွေပါ။
ကြည်စိုးထွန်း။ ။ ဦး ခင် မောင် ညွန့် ကောင်းတာ တစ်ခု
တော့ ကျွန်တော်ကြားဖူးတယ် အစ်မရဲ့။ ဘာကောင်းလဲဆိုတော့ ဟိုတုန်းက အစ်မ တို့ခေတ်က ရုပ်ရှင်ရိုက်ရင် ကိုယ့်ထမင်းချိုင့် ကိုယ်ဆွဲသွားရတယ်လို့ ကြားဖူးတယ်။ အဲဒီမှာ ဦးခင်မောင်ညွန့်က အင်မတန် စေ့စပ်တယ်၊ သူက စီးပွားရေးအမြင်ကလည်း မြင်တော့ သူတို့ ထမင်းချိုင့်နဲ့ ယူလာရရင် သွားတာလာ တာနဲ့ ထမင်းစားတဲ့အချိန် ဟိုဒင်းဖြစ်မယ် ဆိုပြီးတော့ သူက စချက်ကျွေးတာ။ ရှုတင်မှာ။
ဒေါ်မေလွင်။ ။ သူက စလိုက်တာပေါ့။
ကြည်စိုးထွန်း။ ။ အခုထိအောင် ကျွန်တော် တို့က ရှုတင်သွားရင်
ထမင်းချိုင့်ယူစရာ မလိုတော့ဘူး။ ဦးခင် မောင်ညွန့် စတာပေါ့လေ။ အဲဒီလိုကြားဖူး တယ်။
ဒေါ်မေလွင်။ ။ သူနဲ့လည်း တစ်ကား ရိုက်ဖူးတယ်။ မေ့နေလို့။
ကြည်စိုးထွန်း။ ။ ဟုတ်လား။
ဒေါ်မေလွင်။ ။ ဟိုဟာလေ။ ‘အသဲ လက်ဆောင်’ ဆိုတာ
မမကြည်ရယ်၊ ခင်မောင်ညွန့်ရယ်၊ တင်ထွန်း ရယ်။
ကြည်စိုးထွန်း။ ။ အဲဒီထဲမှာ အစ်မက အင်္ကျီအကျားလေးနဲ့လား
မသိဘူး. စပို့ရှပ်လို ဟာလေးလားမသိဘူး။
ဒေါ်မေလွင်။ ။ မဌေးက အငယ်၊ မမကြည် က သားအမိ လုပ်တာကိုး။
ကြည်စိုးထွန်း။ ။ အဲဒီတော့ ဒေါ်ကြည်ကြည် ဌေးနဲ့လည်း အစ်မက
တွဲလိုက်ရပြန်ရောနော် ။
ဒေါ်မေလွင်။ ။ ဦးချင်းစိန် ဒါရိုက်တာက
ကြည်စိုးထွန်း။ ။ ဪ ဟုတ်လား အစ်မ နေဦး အစ်မ။ အ အကား
ရှိပါတယ် ။
ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ အ အကားလည်း ရှိတယ်။ ဒါရိုက်တာ
ဦးကြည်အေး။
ကြည်စိုးထွန်း။ ။ ဪ- အေဝမ်းကြည် အေး အဲဒီတုန်းက
သန်းကျော်ဌေး မလုပ်သေးဘူးလား သူက။
ဒေါ်မေလွင်။ ။ မဟုတ်သေးဘူး။ ဦးကြည် အေး နာမည်နဲ့ပဲ။
ကြည်စိုးထွန်း။ ။ အေဝမ်းကြည်အေးနဲ့ပဲ ရိုက်တာနော်၊ ဟုတ်ကဲ့
ဟုတ်ကဲ့ အဲဒါက။
ဒေါ်မေလွင်။ ။ အဲဒါကလည်း အေဝမ်းက ကားပဲ။ ဦးကြည်အေး
ရိုက်တာ။ ကိုမြင့်အောင်နဲ့ ‘ချစ်စေတနာ’ တဲ့၊ ဒေါ်မေနုပါတယ် အဲဒီထဲမှာ၊ မဌေး စကား မပြောတဲ့ကားပေါ့။ အဲဒီကားက ဆန်ခါတင် ရွေးတဲ့ထဲမှာ ပါသွားတယ်။ (၅၆) ကလား မသိ ဘူး အဲဒီတုန်းက။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အစ်မ။ (၅၆) က အစ်မရတဲ့နှစ် ထင်တယ် နော်။
ဒေါ်မေလွင်။ ။ ပေးတုန်းကတော့ မဌေးကို (၅၅) မှာ ပေးတယ်။ (၅၅)
မှာ ပေးပြီးတော့ (၅၆) မှာ သုံးယောက် ဆန်ခါ တင်မှာ ဒေါ်မြလေးရယ်၊ မြင့်မြင့်ခင်ရယ်၊ မဌေးရယ် သုံးယောက် ဆန်ခါတင်။ ဟိုတုန်းက အဲဒီလို ဆန်ခါတင်ရှိတယ်လေ။
ကြည်စိုးထွန်း။ ။ ဟုတ်ပြီ ဟုတ်ပြီ။ ကြား ဖူးတယ် ကြားဖူးတယ်။
အဲဒီမှာ ဒေါ်မြင့်မြင့်ခင်က ‘ချစ်ညီမ’ နဲ့ ရသွား တယ်။ ဒေါ်မြလေးနဲ့ သုံးယောက်ဆန်ခါတင် ကောင်းလိုက်တာ အစ်မရယ်။ အစ်မ အကယ် ဒမီရတော့ ရုပ်ရှင်အစည်းအရုံးမှာ။
ဒေါ်မေလွင် ။ ။ ရုပ်ရှင် အစည်းအရုံးမှာ အဲဒီတုန်းက။
ကြည်စိုးထွန်း။ ။ ပြဇာတ်နဲ့ ရုပ်ရှင်အစည်း အရုံးပေါ့နော်။ အဲဒီတုန်း
က အခု (၁၆) ဝင်္ကဘာလမ်းပေါ့။ အဆောက် အအုံကြီးက ဟိုအဆောက်အအုံကြီးပဲ ရှိမှာ ပေါ့။ အခုပြတိုက်။
ဒေါ်မေလွင်။ ။ နောက် ပြတိုက်တွေ ဘာတွေ မရှိသေးဘူး။ အခု
ဆောက်ထားတဲ့နေရာမှာ ဇာတ်စင်တွေ ထိုးပြီးတော့ အဲဒီမှာ ဒေါ်မေနွဲ့တို့ က တယ်။ မင်းသမီးလိုဝတ်ပြီးတော့ ရာမတွေ ဘာတွေ ကကြတယ်။ အဲဒီမှာ။ ပျော်ပွဲရွှင်ပွဲတွေ အဲဒီမှာ လုပ်တယ်။ ဘူးသီးကြော်ဆိုင်တွေ ဘာတွေနဲ့ အဲဒီမှာ၊ အဲဒီတုန်းကတော့ အကျယ် ကြီးလို ဖြစ်နေတာပေါ့။
ကြည်စိုးထွန်း။ ။ ရုပ်ရှင်သမားတွေချည်းပဲ ပျော်စရာကြီးပေါ့နော်။
ဒေါ်မေလွင် ။ ။ ဦးထွန်းဝေတို့၊ ဘာတို့ အဲဒီတုန်းက။
ကြည်စိုးထွန်း။ ။ ဟုတ်လား။
ဒေါ်မေလွင်။ ။ အဲဒီနှစ်က ဦးထွန်းဝေ ရတယ်နဲ့ တူတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်လား သူက ‘ဗိုလ်မြ ဒင်’ ထင်တယ် အစ်မရဲ့၊
‘ဗိုလ်မြဒင်’နဲ့ ရတာဖြစ်လိမ့်မယ်။ နို့မဟုတ် လည်း ‘ကကြီးရေက’။
ဒေါ်မေလွင် ။ ။ ‘ကကြီးရေက’ ရတော့
ရုပ်ရှင်မှာ မဟုတ်တော့ဘူး။ ဘယ်မှာလဲ
မသိဘူး။
ကြည်စိုးထွန်း။ ။ ‘ဗိုလ်မြဒင်’ ဖြစ်မယ်။ အဲ ဒါ ဆို ရင် တော့။
နောက်တစ်ခုက တစ်ခါ အစ်မက ဦးသာဓုတို့
ပေါ့နော်။ သဘာဝအုပ်စုပေါ့။ အဲဒီအုပ်စုနဲ့
လည်း ရိုက်သေးတယ်နော်။
ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ ရိုက်ပါတယ်၊ ‘ဘယ်ပန်းသာလို့ ယဉ်’
ဆိုပြီးတော့ မြတ်မွန်ရယ်၊ မဌေးရယ်၊ ကိုနေဝင်းရယ်။
ကြည်စိုးထွန်း။ ။ ကောလိပ်ဂျင် နေဝင်းနဲ့ အစ်မက ယောက်ျား
လျာလား မသိဘူး။ အဲဒီထဲမှာ၊ အဲဒီလို ရိုက်တာလည်း တွေ့ဖူးတယ်။
ဒေါ်မေလွင်။ ။ ကိုမျိုးလှိုင်လည်း ပါ တယ်။
ကြည်စိုးထွန်း။ ။ ဪ- ဟုတ်ပြီ ပဒေသာ ဖလင်းက၊
ဒါရိုက်တာကတော့ ဦးသာဓု။
ဒေါ်မေလွင်။ ။ ရိုက်နေတုန်းပဲ။ ကား တောင် ရုံမတင်ခင်
သူ ဆုံးသွားတယ် ကိုမျိုးလှိုင်။
ကြည်စိုးထွန်း။ ။ အခု စန္ဒရားတင်ဝင်း လှိုင်ရဲ့ အဖေပေါ့၊
‘ဘယ်ပန်းသာလို့ယဉ်’ ရိုက်ပြီး ရုံမတင်ရ သေးခင်ကို ကိုမျိုးလှိုင် ဆုံးသွားရှာတယ်။ ဒါကြောင့်မို့ တစ်ခါ ဦးသာဓုက ကိုတင် ဝင်းလှိုင်ကို ထိန်လင်း ဆိုပြီးတော့ ‘တာဝန်’ ဆိုတဲ့ကားနဲ့ ဦးသာဓုရိုက်တာ။ ဒီလို အဆက်တွေနဲ့ တူပါတယ်နော်။ ကိုတင်ဝင်း လှိုင်ကလည်း မင်းသားဖြစ်ရမယ့်ရုပ်၊ ဘယ့်နှယ့်ကြောင့် ဒီစန္ဒရားမှာ သိပ်ကို တော်သွားတာ၊ စန္ဒရားဆရာ ဖြစ်သွား တယ်။
ဒေါ်မေလွင်။ ။ ကံက ဟိုဘက်ကို ပါသွား တာ။
ကြည်စိုးထွန်း။ ။ မှန်တာပေါ့ အစ်မရယ်။ နော်။ နောက်တစ်ခု
ကိုသက်နောင်နဲ့ ရိုက်တဲ့ ကားတစ်ကား ရှိသေးတယ် ၊ ‘ရည်ရွယ်သည်မှာ’။
ဒေါ်မေလွင်။ ။ ကိုဝင်းညွန့်နဲ့
ကြည်စိုးထွန်း။ ။ ဟုတ်တယ် ကိုဝင်းဦးရဲ့ အစ်ကို ကိုအောင်မိုးတို့
အစ်ကို ကိုဝင်းညွန့်ပေါ့နော်။ ဝင်းညွန့်လည်း လူချောပဲ။ သူက ဣန္ဒြေရရ ချောတာနော်။ ဣန္ဒြေလည်းရှိတယ်။ လူကလည်း သန့်သန့် ပြန့်ပြန့်။ ယောက်ျားပီပီသသ ချောတာ။
ဒေါ်မေလွင်။ ။ ဥပဓိရုပ် ကောင်းတယ်။
ကြည်စိုးထွန်း။ ။ နောက် ပြီး တော့ အိုက်တင်လုပ်ရင် သူက
Steady ပဲ။ အေးအေးဆေးဆေးလေး လုပ်တယ်။ ကောင်းပါတယ်။ ကိုဝင်းညွန့် လည်း စောစော ဆုံးသွားရှာတယ်နော် အစ်မ။ နောက်တစ်ခုက ဇမ္ဗူအေးနဲ့ အစ်မ တစ်ကားရိုက်သေးတယ်။
ဒေါ်မေလွင် ။ ။ မရီတို့၊ မမြင့်တို့နဲ့။
ကြည်စိုးထွန်း။ ။ ‘ကော်ကောင်’။
ဒေါ်မေလွင်။ ။ ကိုနေဝင်းနဲ့။ ‘ကောလိပ် ဂျင် ’ ပြီးတော့ သူတို့
ညီအစ်မနှစ်ယောက်က ကိုနေဝင်းကို တင်လိုက်တာကိုး။ အဲဒါပြီးတော့ ဒုတိယ ကားမှာ မဌေးကို ကော်ကောင်ဆိုတာ အဲဒါ။ ကောလိပ်ဂျင်နေဝင်းကို မဌေးနဲ့ စပြီးတော့ ထုတ်တာ။ ဒုတိယကား။
ကြည်စိုးထွန်း။ ။ အစ်မ အဲဒီတုန်းက တော်တော် ငယ်သေး
တာပဲနော်။ ကိုနေဝင်းကြီးနဲ့တွဲတာ။ အဲဒီ ကား ကောင်းတယ် အစ်မ။ အဲဒီကားလည်း၊ ‘ကော်ကောင်’ အဲဒါက မောင်မောင်သောင်း လားလို့။
ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ ဒါရိုက်တာ ဦးမောင်မောင်သောင်း
ပါ။
ကြည်စိုးထွန်း။ ။ သူလည်း သုံးဆယ်ကျော် လေးမှာပဲနော်။ ဆုံး
သွားရှာပြီနော်။
ဒေါ်မေလွင် ။ ။ ငယ်တယ်၊ အသက် သိပ်ငယ်တယ် ဆုံး
တာ။
ကြည်စိုးထွန်း။ ။ သူက ဖန်စီကားလေးတွေ ခေါ်မလား၊ လေးလေး
နက်နက်ကားလေးတွေပေါ့။ ငြိမ်ငြိမ်လေး တွေပေါ့နော်။ အစ်မ တကယ့် သဘာဝနဲ့ ငြိမ်ငြိမ်ကားမျိုးလေးတွေ မောင်မောင် သောင်းက ရိုက်တယ်။ သူ့ကို ကျွန်တော် အများကြီး သတိထားမိတယ်။ “မုံး”တို့၊ ဘာတို့က သူပဲထင်တယ်နော်။
ဒေါ်မေလွင်။ ။ ဟုတ်ပါတယ်။ ‘မုံး’ လည်း သူပဲ။ ‘Slow
Book’တောင် သူပြန်ရိုက်ဖို့ ကောလိပ်ဂျင် နေဝင်းနဲ့ မဌေးနဲ့ ရိုက်နေရင်းတန်းလန်း ဆုံးသွားတာ။
ကြည်စိုးထွန်း။ ။ ကား နာမည် ကျတော့ ရော။
ဒေါ်မေလွင်။ ။ ကားနာမည်က ရွက်လှ ဆိုလား မသိဘူး။
ကြည်စိုးထွန်း။ ။ စိတ်ကူး ကောင်းတယ် အစ်မရဲ့ နော်။ စိတ်ကူး
ကောင်းတယ်။ စိတ်ကူးကောင်းပြီးတော့ တကယ်တော်တဲ့လူတွေက ငယ်ငယ်နဲ့ ဆုံးဆုံး သွားကြတယ် ထင်ပါရဲ့။ ဟင်းဟင်း... ကျွန်တော်တို့လိုလူတွေပဲ ကျန်နေတယ်၊ ဟုတ်ပါပြီ အစ်မ၊ ကဲ ပြောပါဦး။ နောက်ထပ် ကျတော့ ဘာတွေရှိဦးမလဲ။
ဒေါ်မေလွင်။ ။ နောက်ထပ်ကတော့ မဌေး နောက်ပိုင်းမှာ ဘာမှမလုပ်
တော့ပါဘူး။ ဘုရားတရားအလုပ်ပဲ လုပ်ပါ တယ်။
ကြည်စိုးထွန်း။ ။ အစ်မ ဟိုဒင်းတော့ ရှိသေးတယ်။ မြန်မာ့အသံ
ရုပ်မြင်သံကြားပေါ်တော့ အစ်မတို့။
ဒေါ်မေလွင်။ ။ မြန်မာ့အသံ ရုပ်မြင်သံ ကြားမှာ မောင်သိန်းထွဋ်၊
မောင်သန်းထွဋ်က ဟိုးအရင်။ ‘မောင်နှံခုနှစ် ဖော်’ကို ပြန်ပြီးတော့ ရိုက်တယ် သူတို့။
ကြည်စိုးထွန်း။ ။ ရိုက်တော့ အရင် အဟောင်း တွေ က အစ်မ
နဲ့အတူ ဘယ်သူပါနိုင်သေးလဲ။
ဒေါ်မေလွင်။ ။ အ ဟောင်း တွေ ထဲ က တစ်ယောက်မှ ဘယ်သူ
မှမပါဘူး။ မဌေးပဲ နဂိုနေရာမှာ ပြန်ပြီးတော့
မောင်ဝင်းလှိုင်နဲ့ ။
ကြည်စိုးထွန်း။ ။ ဪ- ဝင်းလှိုင် ဟုတ်ပြီ သမန်းကျားက။
ဒေါ်မေလွင်။ ။ သမန်းကျား အုပ်စုနဲ့ ရိုက်တယ်။ ကျန်တာ
တွေက အကုန်လုံး သမန်းကျားအုပ်စုတွေ ချည်းပဲ။ မောင်သိန်းထွဋ်၊ မောင်သန်းထွဋ်၊ နောက်ပြီးတော့ တိုးညွန့်ပါတယ်။
ကြည်စိုးထွန်း။ ။ အေဝမ်း နောက် မျိုး ဆက် သစ် တွေ ပေါ့
နော် အစ်မ။ ကိုမြင့်တို့ရော။
ဒေါ်မေလွင်။ ။ ကိုမြင့် ပါလားတောင် မသိဘူး။ အားလုံး အဲဒီ
မှာ ဝဏ္ဏတို့ အကုန်လုံးပါတာပေါ့။ သူတို့ ညီအစ်ကိုတွေ၊ နောက်ပေါ်တဲ့ မင်းသမီးတွေ ပေါ့။
ကြည်စိုးထွန်း။ ။ အဲဒီ နောက်ပိုင်းမှာ တော့ အစ်မက တရားဘက်
ရောက်သွားတာပေါ့နော်။ မဟာစည်တရား
စခန်း။
ဒေါ်မေလွင်။ ။ မဟာစည်ကနေ ချမ်း မြေ့ရိပ်သာ ရောက်ပါ
တယ်။ အဲဒီ ချမ်းမြေ့မှာပဲ နှစ်တိုင်းနှစ်တိုင်း
မှန်မှန် တရားဝင်သွားပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အစ်မရယ်။
ဒေါ်မေလွင်။ ။ အခု နောက်ပိုင်းတော့ နှလုံးရောဂါ ဖြစ်လာ
တော့ အဲဒီမှာ ခဏခဏမူးတာတွေ ဖြစ်တော့ သူများကို ဒုက္ခမပေးချင်တာနဲ့ ကိုယ့်ဟာ ကိုယ် အိမ်မှာပဲ ခြံဝင်းထဲမှာပဲ တစ်ပါး ကျောင်းလေး ဆောက်ပြီးတော့ အဲဒီမှာပဲ တရားကျင့်သလို တစ်နေ့သုံးကြိမ် မှန်မှန်ပဲ အိမ်မှာပဲ တရား ထိုင်ပြီး နေနေတယ်။
ကြည်စိုးထွန်း။ ။ ကောင်းပါတယ် အစ်မ ရယ်။ ဒါကြောင့်မို့လည်း
အသက်ရှည်တာပေါ့နော်။ ရုပ်ရှင်အလုပ် ဆိုတာကလည်း ရုပ်ရောစိတ်ရော ရင်းပြီး လုပ်ရတဲ့အလုပ် အစ်မရဲ့။ တစ်ကားတစ်ကား ရိုက်ပြီးရင်း တစ်ခါတည်းကို မြွေများလိုပေါ့။ မြွေများပေါက်လိုက်လို့ရှိရင်။
ဒေါ်မေလွင်။ ။ အတော် စိတ်ထည့်ပြီး လုပ်လို့ရှိရင် သိပ်ပင်ပန်း
ပါတယ်။
ကြည်စိုးထွန်း။ ။ မှန်ပါတယ် အစ်မ။ ဒါကြောင့်မို့လည်း ကြီး
လာတဲ့အခါမှာ နှလုံးရောဂါတွေ ဘာတွေ
ဖြစ်ပြီးတော့ မခံနိုင်ဘူးပေါ့နော်။ အဲဒီလို ဖြစ်ရတာ စိတ်ကို ပင်ပန်းတာကိုး။ အခုတော့ အစ်မ ကောင်းပါတယ်။ ကျွန်တော်လည်း အခု အစ်မ သွားကြိုပြီးတော့ ဒီလာတဲ့အခါကျတော့ အစ်မနေရတဲ့ နေရာလေးကလေ အေးအေး ချမ်းချမ်းလေးနဲ့ နောက် ဘုရားလေးနဲ့ ဆိုတော့ သိပ်ကြည်နူးစရာကောင်းတယ်။
ဒေါ်မေလွင်။ ။ ဘိုးဘိုး ဦးအောင်ချမ်း သာ တည်သွားတဲ့ဘုရားလေး
အဲဒီဘုရားလေးမှာပဲ မဌေးဝေယျာဝစ္စ လုပ်ပြီးတော့ နေပါတော့တယ်။
ကြည်စိုးထွန်း။ ။ ကောင်းပါတယ် အစ်မ ရယ်။ နေရတဲ့နေရာက
လည်း ကိုယ့်ကိုပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးရှင်ရဲ့ နေရာလေးမှာနော်။ ကိုယ်က ဒီလိုလေးနေပြီးတော့ သူ့အတွက်လည်း မေတ္တာပို့ပေါ့ ဟုတ်လား။
ဒေါ်မေလွင်။ ။ ကျေးဇူးရှင်တွေ အမြဲ တမ်း မေတ္တာပို့ပြီးတော့
သူတို့ဘိုးဘွား လက်ထက်ကတည်းက ဘိုးဘွားပိုင် ဘုရားမှာပဲ သူတို့အတွက် လုပ်ပေးပြီးတော့ နေနေပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အစ်မရယ်။ ဟုတ်ကဲ့ ဟုတ်ကဲ့။
အစ်မက အခုလို တရားနဲ့ မွေ့လျော်ပြီးတော့
ရုပ်ရှင်လောကထဲမှာ ကျင်လည်ခဲ့ရတဲ့ အကြောင်းလေးတွေ ပြော၊ ပြောပြီးတော့ အဲဒီက အေဝမ်းမျိုးဆက် အေဝမ်းမှာ 'မေ' တွေပေါ့လေ၊ ချစ်စရာကောင်းသော မိန်းကလေးတွေပေါ့။ ချစ်စရာကောင်းသော မိန်းကလေးတွေထဲမှာ တရားနဲ့ မွေ့လျော်ပြီး ကျန်ရစ်ခဲ့တာဆိုတော့ ကျွန်တော်တို့က အများကြီး ပီတိဖြစ်ပါတယ်။ အခုလို ပြောသွားတာကိုလည်း ကျွန်တော်တို့က အများကြီး အစ်မအပေါ်မှာ ကျေးဇူးတင် ပါတယ်၊ တရားနဲ့ မွေ့လျော်ပြီးတော့ ကျွန်တော်တို့ ရုပ်ရှင်ရာပြည့်ထိအောင် နေပါဦး။ နောက်ပြီးတော့ သီတင်းကျွတ်တိုင်း သီတင်းကျွတ်တိုင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကနေပြီးတော့ ရုပ်ရှင်သက်ကြီး တွေကိုလည်း ပူဇော်ပါတယ်။ အဲဒီပူဇော်ပွဲမှာ လည်း နှစ်တိုင်းနှစ်တိုင်း ဆက်ပြီးတော့ အပူဇော်ခံပါဦး။ ကျွန်တော် ဒီနေရာက ရုပ်ရှင်လောကသားတွေရဲ့ကိုယ်စား မေတ္တာ ရပ်ခံပါတယ်။ ကျွန်တော်တို့ အစ်မကို ပူဇော် ကန်တော့ရတယ်ဆိုတာ တစ်ချိန်က အေဝမ်း မှာ ‘မေ’ အဖြစ်၊ ‘မေ’ တွေကို ကိုယ်စားပြုတဲ့ ‘မေ’အနေနဲ့ ကန်တော့ရခြင်း ဖြစ်ပါတယ်။ အစ်မတစ်ယောက်ကို ကန်တော့ရတာ ‘မေ’ အများကြီး ကန်တော့ရသလို ခံစားရပါတယ်။
ဒေါ်မေလွင်။ ။ မဌေးလည်း အားလုံးကို မေတ္တာပို့ ဆုတောင်းပေး
ပါတယ်။
ကြည်စိုးထွန်း။ ။ အဲဒီတော့ အစ်မအနေ နဲ့ကလည်း ရုပ်ရှင်
လောကသားတွေနဲ့ အစ်မရဲ့ တစ်ချိန်က။ ပရိသတ်တွေကို ပြောစရာရှိတာလေး ပြောပေးပါ အစ်မရယ်။
ဒေါ်မေလွင်။ ။ မဌေးကတော့ အားလုံး ပရိသတ်တွေကို မဌေး
ပြုသမျှ ကုသိုလ်ကောင်းမှုတွေအားလုံးကို
အမျှပေးဝေပါတယ်။ နောက်ပြီးတော့ ရတနာသုံးပါးကို မမေ့ဖို့ဆိုတာ အဲဒါလေး တစ်ခုတော့ မဌေး ပြောချင်ပါတယ်။ ရုပ်ရှင် လောကသားတွေလည်း အားလုံး ချစ်ချစ် ခင်ခင်နဲ့ ညီညီညွတ်ညွတ်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ကူညီပြီးတော့ ဆက်လက် ပြီးတော့ ရှင်သန်နိုင်ပါစေလို့၊ ဘုရားတရား မမေ့ဘဲ နေနိုင်ကြပါစေလို့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အစ်မ ဟုတ်ကဲ့။ ကျေးဇူး တင်ပါတယ်
အစ်မရယ်။ ကန်တော့ပါတယ် အစ်မ။