Skip to main content

သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဇဘဏ်လီမိတက်က ဖိုင်ဘာစက်လှေ (၉)စီး လာရောက် လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဇဘဏ်လီမိတက်က ဖိုင်ဘာ စက်လှေတစ်စီးလျှင် ငွေကျပ် (၂,၇၅၀,၀၀၀/-) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၄ ဒသမ ၇၅၀) သန်း တန်ဖိုးရှိ ဖိုင်ဘာစက်လှေ (၉)စီးကို ကမ္ဘောဇဘဏ်လီမိတက်၊ ဒုတိယ အမှုဆောင် အရာရှိချုပ်(၁) ဦးအောင်ကျော်မျိုးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)