Skip to main content

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲ စတင် ကျင်းပ

လွိုင်ကော်  ဇန်နဝါရီ  ၁၁

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အက ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည (၇) နာရီတွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်နေ့ ပွဲတော် ကျင်းပရာကွင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကစင်မြင့်၌ ကျင်းပပြုလုပ်ခဲ့ရာ ကယား ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ကယား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က တက်ရောက် အားပေးကြသည်။

ပြိုင်ပွဲ ပထမနေ့အနေဖြင့် လွိုင်ကော်မြို့နယ် နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့ (၁၆) ဖွဲ့ တို့မှ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲများကို ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ အထိကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ပြိုင်ပွဲအပြီးတွင် ဒေသခံတေးဂီတအဖွဲ့ တို့က ဆက်လက်ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။

ထွန်းလေး