Skip to main content

မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ စကားဝိုင်းကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၁


မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ ၏ စကားဝိုင်းကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park ၌ ကျင်းပသည်။


သိလိုသည်များမေးမြန်း


မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီ အစဉ် ၂၀၂ဝ စကားဝိုင်းကို မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် MPT တို့ ပူးပေါင်းကျင်းပခြင်းဖြစ်၍ နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် လူငယ် များ တီထွင်ကြံဆမှုကို မြေတောင်မြှောက် ပံ့ပိုးပေး လျက်ရှိရာ Myanmar Youth Technopreneurship Development Program 2020 ပြိုင်ပွဲတွင် တိုင်းပြည်နှင့် လူမျိုးအတွက်အကျိုးရှိစေမည့် တီထွင်ဆန်းသစ်မှုများ ဖြင့် ယှဉ်ပြိုင်နိုင်ရန် အတွေ့အကြုံရှိသော စီးပွားရေး လုပ်ငန်းရှင်ပုဂ္ဂိုလ်လေးဦးက စကားဝိုင်းအဖြစ် ဆွေးနွေး ခဲ့ပြီး ဆက်လက်၍ အောင်မြင်စလူငယ်များကလည်း စကားဝိုင်းအဖြစ် ပြန်လည်ဆွေးနွေးခဲ့ရာ စိတ်ပါဝင်စား စွာ တက်ရောက်လာသော လူငယ်များကလည်း ပြိုင်ပွဲ အတွက် သိလိုသည်များကို မေးမြန်းကြကြောင်း သိရသည်။


သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး