Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် ရွှေဘိုမြို့နယ်ရှိ Quarantine Center များသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် အခြေခံစားသောက်ကုန်များ ထောက်ပံ့

ရွှေဘို ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ ပြည်သူ လွှတ်တော် ကိုယ်စားလှယ်တို့နှင့်အတူ ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများ လိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက ရွှေဘိုမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ရေး အတွက် ညောင်ပင်သာ အခြေခံပညာအထက်တန်းကျောင်း၊ စိုက်သိပ္ပံကျောင်းနှင့် ဘိုးတော် တောကျေးရွာ တို့တွင် ဖွင့်လှစ်ထားရှိသော Quarantine Center များ သို့ ရောက်ရှိစစ်ဆေးပြီး လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအဖြစ် ရေသန့်ဘူး၊ နှာခေါင်းစည်း၊ ငါး၊ ခေါက်ဆွဲခြောက်၊ ဆန်၊ ဆီ နှင့် ဆား တို့ကို တာဝန်ရှိသူများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ချက်များကို အားလုံး စနစ်တကျ အထူးအလေးထား လိုက်နာကြရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)