နေပြည်တော် ဇန်နဝါရီ ၂၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့သို့ Taunggyi Youth Center မှ သင်တန်းသား၊ သင်တန်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း ၂၉၀ တက်ရောက် လေ့လာခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း ၆၁၈၁၅ ဦး ရှိပြီး လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော် ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ သုံးရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။
သတင်းစဉ်