Skip to main content

ဒုတိယဝန်ကြီး ဦးတင်လတ် ကျိုက်ထိုမြို့၌ ဟိုတယ်လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

နေပြည်တော်   ဇန်နဝါရီ   ၂၇

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးတောင် ဩဝါဒါစရိယ ဆရာတော်များကို ဖူးမြော်ကြည်ညို၍ ကျိုက်ထီးရိုးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးဆိုင်ရာများကို လျှောက်ထား တင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျိုက်ထိုမြို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး Hotel Popular ၌ ဟိုတယ်လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ ခရီးသွားဥပဒေအရ စီမံခန့်ခွဲမှု ပုံစံအသစ်ပြောင်းလဲခြင်းကို ရှင်းလင်းပြောကြားကာ ပြည်နယ်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက မွန်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျိုက်ထီးရိုးတောင်ပေါ်၌ TMA Recycle Co.,Ltd ၏ အမှိုက်ဖျက်ဆီးရေးစက်၊ ဆက်စပ် လုပ်ငန်းများနှင့် ကျိုက်ထီးရိုးတောင်ပေါ် အမှိုက်ရှင်းလင်းရေး ဆောင်ရွက်နေမှုနှင့် ကျိုက်ထီးရိုးတောင် Cabel ကား ပြေးဆွဲနေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်