Skip to main content

ဩစတြေးလျနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်အနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈

 

ဩစတြေးလျနိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့်ဩစတြေးလျနိုင်ငံ နိုင်ငံတော်သီချင်း တို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စအင်ဒရီရာဖော့ခ်နာနှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တို့က နှုတ်ခွန်းဆက်စကားများ ပြောကြား ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်ဇနီး ဒေါ်စန်းစန်းယု၊ သံအမတ်ကြီး မစ္စ အင်ဒရီရာဖော့ခ်နာ တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်ဇနီး၊ဩစတြေးလျနိုင်ငံ သံအမတ်ကြီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဩစတြေးလျနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွသုံး ဆောင်ကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးဟန်ဇော်နှင့် ဒေါက်တာဝင်းမြတ်အေးနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြင့်နိုင်နှင့် ဦးမြင့်အောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဦးအောင်လှထွန်း၊ တပ်မတော်အရာရှိကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သံတမန်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)