ဘားအံ ဇန်နဝါရီလ ၂၉
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က နိဗ္ဗိန္ဒဘုန်းကြီး ကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင် (၆၄)ဦး၊ ကလေး(၉၉)ဦး၊ စုစုပေါင်း (၁၆၃)ဦးအတွက် တစ်ဦးလျှင် (၄၅၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေ အား ပေးအပ်ရာ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်မှ လက်ခံ ရယူသည်။
ဆက်လက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၊ အသက်(၂)နှစ်အောက် ကလေးငယ်တစ်ဦးတို့၏ လက်ဝယ်သို့ ထောက်ပံ့ငွေ (၄၅၀၀၀) ကျပ်စီအား ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)